NewsPolitic

AA ထိန်းချုပ် လှုပ်ရှားရာ နယ်မြေတိုင်းတွင် မူးယစ်ဆေးဝါးနဲ့ ကျားဖျန့် လုံးဝမရှိစေရလို့ဆို

အာရက္ခတိုင်းမ်စ် (၂၀ မေ ၂၀၂၆)

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ လှုပ်ရှားရာ နယ်မြေဒေသတိုင်းတွင် မူးယစ်ဆေးဝါး ပပျောက်ရေးအပြင် ကျားဖျန့်သမားများအတွက် နေရာ လုံးဝမရှိစေရလို့ အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ဆိုပါတယ်။

“အာရက္ခတပ်တော် လှုပ်ရှားနေရာ နယ်မြေ၊ ဒေသတိုင်းတွင် မူးယစ်ဆေးဝါးပပျောက်ရေး အပြင် “ကျားဖျန့် လုံးဝမရှိစေရ”၊ “ကျားဖျန့် သမားများအတွက် နေရာ လုံးဝ မရှိစေရ” ဆိုတဲ့မူကို အခိုင်အမာ စွဲကိုင်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်လျက် ရှိနေတယ်” လို့လည်း အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ဆိုပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ၂၀၂၆ ခုနှစ် မေလ ၁ ရက် နေ့လည် ၁၂ နာရီခန့်မှာ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အနီးပတ်ဝန်းကျင်တွင် RS မြင်းတံဆိပ်ပါ WY စိတ်ကြွဆေးပြား အရေအတွက် (၃၂) သိန်း ဖမ်းဆီးရမိခဲ့တာအပြီးတွင် အခုလို ထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

“ပြည်ခရိုင် ပန်းတောင်းမြို့နယ်ဟာ လက်ရှိ မြန်မာနိုင်ငံတွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့ စစ်ရေး၊ ပထဝီနိုင်ငံရေးနဲ့ နိုင်ငံရေးပထဝီအရ အာရက္ခတပ်တော် လှုပ်ရှားတဲ့ ဒေသတခုလည်းဖြစ်ပြီး အာရက္ခတပ်တော်အနေနဲ့ ဒေသခံပြည်သူလူထုများနဲ့အတူ တရားဥပဒေစိုးမိုးရေးကို အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတဲ့ နေရာဒေသလည်း ဖြစ်ပါတယ်” လို့ အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ဆိုပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဘယ်အစိုးရ၊ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့လည်း ဦးခိုင်သုခက ပြောဆိုထားပါတယ်။

လက်ရှိတွင် အာရက္ခတပ်တော်က ဧရာဝတီ၊ ပဲခူး၊ မကွေး နဲ့ စစ်ကိုင်းတို့တွင် ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ စစ်ကော်မရှင်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Related posts

တောင်ကုတ်ကို တရားမဝင် ပြည်ပအရက် တင်ဆောင်လာသူကို ဒီလပ် ဖမ်းဆီး

Rakhita Times

ရက္ခိုင်ပြည်ကို ကာကွယ်ဖို့ AA ဘာတွေ ပြင်ဆင်နေလဲ

Rakhita Times

စကမ အရာရှိတွေက AA ဆီ စစ်ရှုံးတာ အောက်လမ်းပညာသုံးလို့ဆိုပြီး လက်အောက်ငယ်သားတွေကိုပြော

Rakhita Times

100 comments

Leave a Comment