NewsPolitic

ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့ တိုက်ခန်းအမှု တိုင်းအယူခံတက်ထား

အာရက္ခတိုင်းမ်စ် (၃၀ မေ ၂၀၂၆)

ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့ တိုက်ခန်းအမှုကို တိုင်းအယူခံ တက်ထားတယ်လို့ အမှုကို လိုက်ပါကူညီနေတဲ့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ကိုတင်ထူးအောင်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

အဆိုပါ အမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်က ရန်ကုန်မြို့ရှိ အရှေ့ပိုင်းခရိုင် တရားရုံးမှာ တိုက်ခန်း ပြန်လည်ရရှိဖို့အတွက် လျှောက်လဲချက်တင်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်မှာ အမိန့်ချမှတ်ခဲ့ကာ မေလ ၂၁ ရက်မှာဝောာ့ တိုင်းအယူခံ အဆင့်ထိ ထပ်တက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သူက လွတ်လာပြီးပြီပေမယ့် ဒီတိုက်ခန်းကိုတော့ အဲ့ဒီအမှုနဲ့ ဆက်စပ်တယ်ဆိုပြီး သိမ်းဆည်းထားတာပေါ့။ သိမ်းဆည်းထားတာကို မကျေနပ်လို့ ကျနော်တို့ဘက်က ရှေ့နေတွေ ရခိုင်အမျိုးသားကွန်ရက်ရဲ့ ရှေ့နေအဖွဲ့က ဒီဟာကို ၂၁ ရက်နေ့က တိုင်းအယူခံ တက်တာ။ တိုင်းအယူခံက ဘယ်လို ဆုံးဖြတ်မလဲဆိုတာ ကျနော်တို့ ကြည့်ရမှာပေါ့။ ကျမယ့်ရက်ကိုတော့ အတိအကျ မသိသေးဘူး။ အဲ့ဒါနဲ့ ပတ်သက်ပြီး တိုင်းအယူခံ ဘယ်လို ရှိမယ်ဆိုတဲ့ဟာ ကျနော်တို့ ပြန်ပြီးထုတ်ပြန်ပေးပါမယ်” လို့ ကိုတင်ထူးအောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အမှုနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားကွန်ရက်ရဲ့ ရှေ့နေအဖွဲ့က ဆက်လက် ကူညီဆောင်ရွက်နေပြီး လိုအပ်ပါက သက်ဆိုင်ရာ ကော်မတီများကိုပါ တိုင်ကြားစာပေးပို့မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“အခုက ရန်ကုန်တိုင်းမှာက တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စစ်ဆေးရေးကော်မတီဆိုတာ ရှိတယ်လေ။ အဲ့တော့ ဟိုဟာမဖြစ်ရင် အဲ့ဒီကော်မတီကို ကျနော်တို့ဘက်က တိုင်ကြားစာ ပို့တာတွေ လုပ်ရတော့မှာပေါ့။ ဒီဟာနဲ့ ပတ်သက်ပြီး တိုင်ကြားလို့ရတဲ့ ကော်မရှင်တွေ၊ကော်မတီတွေ ဖွဲ့ထားပြီးပြီဆိုတော့ လွှတ်တော်လည်း ပေါ်လာပြီးပြီဆိုတော့ လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်ရမှာပေါ့နော်” လို့ ကိုတင်ထူးအောင်က ဆက်ပြောပါတယ်။

အသက် ၂၀ ကျော် အရွယ်ရှိ မစိုးစံသူဟာ ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာဇာတိ ဖြစ်ပါတယ်။ သူမဟာ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာရှိ 29 ရတနာဆိုင်မှာ အလုပ်လုပ်ကိုင်စဉ် ပစ္စည်း ၃၄ မျိုး (အဆိုပါ ကာလတန်ဖိုး သိန်း ၁၉၀၀ ကျော်) ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက် သုံးဦးနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်မှာ မသင်္ကာမှုနဲ့ ခေါ်ယူ စစ်ဆေးခံခဲ့ရတာပါ။

စက်တင်ဘာလ ၂၂ ရက်မှာတော့ မစိုးစံသူ တဦးတည်းကို ရာဇသတ်ကြီး ပုဒ်မ ၃၈၁ နဲ့ အမှုဖွင့်ခဲ့ကာ အောက်တိုဘာလ ၁ ရက်မှာ တာမွေမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စွပ်စွဲ ဖမ်းဆီးခံရတဲ့ မစိုးစံသူရဲ့ မိသားပိုင်ဖြစ်တဲ့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက်က တိုက်ခန်းကိုလည်း တရားရုံးက သိမ်းဆည်းဖို့ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

မစိုးစံသူဟာ အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် မှာတော့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

Related posts

AA နဲ့ SSPPတို့ တွေ့ဆုံမှုဟာ သတင်းအဟောင်းသာဖြစ်တယ်လို့ မဇ္ဈိမတွင် ဖော်ပြ

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၁၉-က)

Rakhita Times

လင်းသာ ဗုံးကြဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူတွေအတွက် ကုသိုလ်ပြု အမျှဝေ

Rakhita Times

2 comments

TylerRUg စက်တင်ဘာ 3, 2026 at 9:36 မနက်

Назначение
Исследовать вопрос подробнее – kapelnica-ot-zapoya-novosibirsk8.ru/

Reply
ManuelHoaks စက်တင်ဘာ 3, 2026 at 12:01 ညနေ

Перед началом курса врач анализирует медицинские данные пациента. Учитываются хронические болезни, стаж алкоголизма или наркомании, результаты анализов и особенности психического здоровья. На основании полученной информации формируется программа лечения пациента. Она может включать медицинскую терапию в клинике, помощь психолога, кодирование, реабилитацию и поддержку семьи.
Ознакомиться с деталями – narkologicheskaya-klinika-v-moskve-ceny

Reply

Leave a Comment