NewsPolitic

ဝီရဌာနီက ဆင်အိုင်ရွာကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပြည်သူ ၇ ဦး သေ၊ ၁၇ ဦးထက်မနည်း ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၁ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် ဝီရဌာနီမြို့နယ် ဆင်အိုင်ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ အောက်တိုဘာလ ၁၀ ရက် ညနေပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၀ ရက်၊ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစ်စီးဟာ ဆင်အိုင်ရွာအတွင်းကို တိုက်ရိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံရွာသားတစ်ဦးက အတည်ပြု ပြောကြားထားပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာတွင်းကို ဗုံးသီးများ ကျရောက်ပေါက်ကွဲကာ အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသွားသူများကိုလည်း ဒေသခံများက အရေးပေါ် ကူညီကယ်ဆယ်မှုများ လုပ်ဆောင်ပေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများမှာ ဆင်အိုင်ရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်မခင်သန်း၊ အသက် ၆၄ နှစ်အရွယ် ဒေါ်ဦးမြသန်း၊ အသက် ၄၁ နှစ်အရွယ် ဒေါ်ရီရီသန်း၊ အသက် ၁၀၀ အရွယ် ဒေါ်ဝင်းမ၊ အနောက်ရဲ မူဆလင် IDP Camp က အသက် ၁၉ နှစ်အရွယ် မာမောက်ချော်ရိန်၊ ကျောက်ဖြူ မူဆလင် IDP Camp က အသက် ၂၈ နှစ်အရွယ် မနီနီ နဲ့ သားဖြစ်သူ အသက် ၆ နှစ်အရွယ် ဆာဟာတ် တို့ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူများအပေါ် ဦးတည်တိုက်ခိုက်နေတဲ့ လုပ်ရပ်များနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းအချက်အလက်များကို အာရက္ခတိုင်းမ်စ်က ဆက်လက် ဖော်ပြပေးသွားပါမယ်။
(ဓာတ်ပုံများကို အာရက္ခတိုင်းမ်စ် Telegram Channel တွင် ကြည့်ရှုနိုင်ပါသည်)

Related posts

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးအတွက် အကောင်းဆုံး ပြင်ဆင်လုပ်ဆောင်နေ

Rakhita Times

Breaking Newsသံတွဲကို ဂျက်လေယဉ်နဲ့ အုပ်စုလိုက် ဗုံးကြဲနေ

Rakhita Times

အခုရွေးကောက်ပွဲက ကြံ့ဖွံ့က အခိုင်အမာပြင်ဆင်ထားပြီးမှ လုပ်တဲ့ပွဲလို့ ပြော

Rakhita Times

Leave a Comment