NewsPolitic

ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားနိုင်ငံသား ၅ ဦးကို AA ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၂၉ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရက္ခိုင်ရေပိုင်နက်အတွင်းသို့ တရားမဝင် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲ့က ဇွန်လ ၂၈ ရက် နေ့လည်ပိုင်းတွင် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူနဲ့ ဂြင်းတောကြားမှာရှိတဲ့ ရေပိုင်နက်မှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေ ပိုင်နက်ကျူးကျော်ပြီး ငါးခိုးဖမ်းနေတဲ့အတွက် အာရက္ခ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တာ” လို့ မောင်တောမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၅ ယောက်ပါတဲ့ စက်လှေကို မောင်တော ဂြင်းတောချောင်းဝ၊ အနောက်တောင်ဘက် ကမ်းစပ်နဲ့ ၂ ဒသမ ၇ ကီလိုမီတာအကွာမှာ ဖမ်းမိတာ ဖြစ်တယ်လို့ သိရပါတယ်။

ဇွန်လ ၁၅ ရက်ကလည်း ရက္ခိုင်ရေပိုင်နက်အတွင်းသို့ တရားမဝင် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦးကို အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။

ရက္ခိုင်ပြည်ရေပိုင်နက်အတွင်း ဝင်ရောက် ငါးခိုးဖမ်းနေသူတွေကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေသလို အရေးယူမှု ကာလပြီးဆုံးသူတွေကိုလည်း ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ တရားဝင် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်ကလည်း ရက္ခိုင်ပြည် ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သားတွေထဲက (၇၃) ယောက် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံသို့ အာရက္ခတပ်တော် က ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
Photo – APM

Related posts

ကျောက်တော် မြောက်ဦးမှာ ပိုက်ဆံ ရာတန်တွေ အသုံးမဝင်သလို ဖြစ်နေ

Rakhita Times

လေးမျက်နှာတွင် AA နဲ့ စကမတို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

စစ်တွေ ကြံ့ဖွံ့ပါတီက လူမိုက်ငှားနေ

Rakhita Times

Leave a Comment