NewsPolitic

ပေါက်တောကို ရွေးတုအစိုးရ ဗုံးကြဲတိုက်ခိုက်(Braking News)

အာရက္ခတိုင်းမ်စ် (၁၅ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ပေါက်တောမြို့နယ်ကို ရွေးတုအစိုးရတပ်ဟာ ဒီကနေ့ည ၇ နာရီခွဲခန့်မှာ လေကြောင်းကနေ ဗုံး ၂ ကြိမ်တိုင်တိုင် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“သိရသလောက် ပြောရရင်တော့ ၇ နာရီ ၁၇ မိနစ်မှာ တစ်ကြိမ်နဲ့ ၇ နာရီ ၂၆ မိနစ်မှာ တစ်ကြိမ် ၂ ကြိမ် လာကြဲသွားတာ” လို့ ပေါက်တောမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ် ကြဲချခဲ့တဲ့ ဗုံး ၂ လုံးဟာ ရက္ခိုင်ပြည် ပေါက်တောမြို့နယ် မနော်သီရိကျေးရွာကို ကျရောက်ခဲ့တယ်လို့ ကနဦး သိရပြီး အသေးစိတ် အချက်အလက်ကိုတော့ ဆက်လက် တင်ဆက်ပေးပါမယ်။

အလားတူ ရွေးတုအစိုးရတပ်ဟာ ဒီကနေ့မှာပဲ ရက္ခိုင်ပြည် ဂွမြို့နယ်ကို နေ့လည် ၂ နာရီ ၂၃ မိနစ်နဲ့ ၂ နာရီ ၂၆ မိနစ်မှာ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့ပါသေးတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗုံး ၂ လုံးဟာ အရင် ရွေးတုအစိုးရတပ် အခြေစိုက်ခဲ့တဲ့ တပ်ရင်းဟောင်းနေရာကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်မှာ AA က ကုန်စည်တွေ မပြတ်အောင် ကြိုးစားပေးနေ

Rakhita Times

စစ်တွေမှာ ကလေးနဲ့ လူကြီး တောင်းရမ်းသူ ပိုမိုများပြားလာ

Rakhita Times

ဝမ်းတွင်းမြို့ကို ဗဟိုပြုပြီး သံတောမြို့မှာ ငလျင် လှုပ်ခဲ့

Rakhita Times

Leave a Comment