NewsPolitic

ပေါက်တောကို ရွေးတုအစိုးရ ဗုံးကြဲတိုက်ခိုက်(Braking News)

အာရက္ခတိုင်းမ်စ် (၁၅ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ပေါက်တောမြို့နယ်ကို ရွေးတုအစိုးရတပ်ဟာ ဒီကနေ့ည ၇ နာရီခွဲခန့်မှာ လေကြောင်းကနေ ဗုံး ၂ ကြိမ်တိုင်တိုင် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“သိရသလောက် ပြောရရင်တော့ ၇ နာရီ ၁၇ မိနစ်မှာ တစ်ကြိမ်နဲ့ ၇ နာရီ ၂၆ မိနစ်မှာ တစ်ကြိမ် ၂ ကြိမ် လာကြဲသွားတာ” လို့ ပေါက်တောမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ် ကြဲချခဲ့တဲ့ ဗုံး ၂ လုံးဟာ ရက္ခိုင်ပြည် ပေါက်တောမြို့နယ် မနော်သီရိကျေးရွာကို ကျရောက်ခဲ့တယ်လို့ ကနဦး သိရပြီး အသေးစိတ် အချက်အလက်ကိုတော့ ဆက်လက် တင်ဆက်ပေးပါမယ်။

အလားတူ ရွေးတုအစိုးရတပ်ဟာ ဒီကနေ့မှာပဲ ရက္ခိုင်ပြည် ဂွမြို့နယ်ကို နေ့လည် ၂ နာရီ ၂၃ မိနစ်နဲ့ ၂ နာရီ ၂၆ မိနစ်မှာ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့ပါသေးတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗုံး ၂ လုံးဟာ အရင် ရွေးတုအစိုးရတပ် အခြေစိုက်ခဲ့တဲ့ တပ်ရင်းဟောင်းနေရာကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၂၀)

Rakhita Times

အာရက္ခတပ်တော်နေ့ အထိမ်းအမှတ် ကာယဗလမောင် နဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲ ကျင်းပ

Rakhita Times

ရက္ခိုင်အပါအဝင် တိုင်းနဲ့ပြည်နယ် ၆ခုမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့

Rakhita Times

Leave a Comment