NewsPolitic

ဂွမြို့ကို နေဗီကနေ လက်နက်ကြီးနဲ့ ၇ ကြိမ်ထပ်မနည်း ပစ်ခတ်

အာရက္ခတိုင်းမ်စ် (၂၅ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ဂွမြို့ကို ဦးတည်ပြီး စစ်ကော်မရှင်ရဲ့ နေဗီကနေ ဇန်နဝါရီလ ၂၄ ရက် ည ၉ နာရီကျော်အချိန်တွင် လက်နက်ကြီးနဲ့ အကြိမ်ရေ ၇ ကြိမ်ထပ်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နေဗီကနေ ည ၉ နာရီကျော်လောက်မှာ ၇ ကြိမ်တိတိကို လက်နက်ကြီးနဲ့ ပစ်တယ်။ တောတောင်တွေဖက်ကို ကျပြီး ပေါက်ကွဲလို့ လူတွေ ထိခိုက်ဒဏ်ရာ ရရှိတာတော့ မရှိကြပေမယ့် ကမ်းနားနဲ့ နီးတဲ့ နေရာတွေက သူတွေကတော့ နေရာပြောင်းရွှေ့ပြီး နေနေရတယ်” လို့ ဂွမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလကလည်း စစ်ကော်မရှင်ရဲ့ နေဗီကနေ နေ့စဉ်ရက်ဆက်ဆိုသလို ဂွမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

“ပြီးခဲ့တဲ့လက ၁၁ ရက်နေ့ကဆိုရင်လည်း အချက် ၃၀ လောက်ကို တခါတည်း ပစ်တာ၊ အဲတော့ မနေရဲလို့ တိမ်းရှောင်နေလိုက်၊ နည်းနည်း ငြိမ်သွားတော့ ကိုယ်ရွာပြန်လာလိုက်၊ ခုတခါ ထပ်ပစ်တော့ ထပ်ပြေးကြရပြန်ပြီ” လို့ သူက ထပ်မံ ပြောပါတယ်။

အလားတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကလည်း စစ်ကော်မရှင်ရဲ့ နေဗီ ၃ စီးကနေ တခါပစ်လျင် အနည်းဆုံး ၅ ကြိမ် နဲ့ ၁၅ ကြိမ်ကြား ပစ်ခတ်ခဲ့ပါတယ်။

Related posts

တောင်ကုတ်ရိုးပေါ်တွင် ခရီးသွားများ မိုင်းနင်းမိလို့ ၆ ဦးထပ်မနည်း သေဆုံး

Rakhita Times

အာရက္ခတပ်တော်မှာ စစ်ရေးအတွက် ကြီးမားတဲ့ပြင်ဆင်မှု ရှိနိုင်

Rakhita Times

စစ်အုပ်စုလုပ်တဲ့ ငြိမ်းချမ်းရေး ရက် ၁၀၀ မပြောနဲ့ အနှစ် ၁၀၀ တောင် မပြီးဘူး

Rakhita Times

879 comments

Leave a Comment