NewsPolitic

ပွိုင့် ၂၂၇ စခန်းကို AA ထပ်မံသိမ်းပိုက်နိုင်

အာရက္ခတိုင်းမ်စ် (၁၇ ဇူလိုင် ၂၀၂၆)

ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ပွိုင့် ၂၂၇ စခန်းကို အာရက္ခတပ်တော်က ထပ်မံ သိမ်းပိုက်နိုင်ချေရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းတွေက ဆိုပါတယ်။

“ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လဆန်းမှာ စခန်းကုန်း ၃ ခုနဲ့ အထောက်အကူပြု ကာကင်းစခန်း ၂ ခု ကို လက်လွှတ်ထားရတဲ့အတွက် ပြန်လည်တိုက်စစ်ဆင်နေခြင်းလို့ သိရှိရပါတယ်။ အာရက္ခတပ်ဟာ အကြမ်းဖက်တပ်ရဲ့ တိုက်စစ်တွေကနေတဆင့် တန်ပြန်တိုက်စစ်ဆင်ပြီး အမြတ်ထုတ်လေ့ရှိတဲ့ နည်းဗျူဟာကို သုံးစွဲထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဆုံးရှုံးပြီးစခန်းတွေ မရတဲ့အပြင် ပွိုင့် ၂၂၇ စခန်းကိုပါ အာရက္ခတပ်ဘက်က ထပ်မံ သိမ်းပိုက်နိုင်ချေ ရှိပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

လက်ရှိမှာတော့ ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်အတွင်းမှာလဲ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

“ပွိုင့် ၂၂၇ ကိုသာ ရရင် အမတ ၃၄၄ ဟာ အာရက္ခတပ်အတွက် သိပ်ပြီး မခဲယဉ်းနိုင်တော့ပါဘူး ။ အမတ ၃၄၄ ကိုသာ ရခဲ့ပြီဆိုရင်တော့ ရေနံသာလမ်းဆုံကို ထိန်းချုပ်ပြီး ဖြစ်သွားမှာပဲ ဖြစ်ပါတယ်” လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ၂၂၇ ပွိုင့်ကုန်း အနောက်ဘက် ၁.၁ ကီလိုမီတာခန့်အကွာတွင် တပ်စွဲထားတဲ့ ပထမ ကာကင်းကုန်းနေရာနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ၂၂၇ ပွိုင့်ကုန်းကနေ ၁ ကီလိုမီတာခန့် အကွာအဝေးရှိ ဒုတိယ ကာကင်းကုန်း (တာဝါတိုင်စခန်းကုန်း) တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဇွန်လ ၁၇၊ ၁၉၊ ၂၁ ရက်များတွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ပွိုင့် ၂၈၈၊ ပွိုင့် ၁၈၈ နဲ့ ပွိုင့် ၁၄၈ ကုန်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။

အဆိုပါ ကာကင်းစခန်းကုန်းသိမ်း တိုက်ပွဲများအတွင်း ရန်သူ့အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းပိုက်ရရှိခဲ့ပြီး ပွိုင့် ၂၂၇ ကုန်းက ထွက်ပြေးနေတဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်းက တပ်သားတွေကို လိုက်လံ ချေမှုန်းနေတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

Related posts

ယာဉ်မတော်တဆမှု အများဆုံးဖြစ်တဲ့ မင်းပြားတွင် ယာဉ်အန္တရာယ်ကင်းစင်ရေး DLEPS လုပ်ဆောင်နေ

Rakhita Times

တောင်ကုတ်မြို့မှာ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် မြို့မဈေး ပျက်စီး

Rakhita Times

စစ်တကောင်းကျောင်းသားသမဂ္ဂ နဲ့အတူ ရပ်တည်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဆန္ဒထုတ်ဖော်

Rakhita Times

Leave a Comment