NewsPolitic

စစ်မှုထမ်းရန် လာရောက်တဲ့ သက်ငယ်ကလေးကို မိဘထံ AA ပြန်အပ်

အာရက္ခတိုင်းမ်စ် (၂၁ သြဂုတ် ၂၀၂၆)

အရက္ခတပ်တော်ထံ မိမိ ဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်တဲ့ သက်ငယ်ကလေးတစ်ဦးကို မိဘတွေထံ သြဂုတ်လ ၁၉ ရက်တွင် အာရက္ခတပ်တော်က ပြန်လည် အပ်နှံခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်ထံ စစ်မှုထမ်းရန် မိမိ ဆန္ဒအလျောက် လာရောက်သူဟာ မြောက်ဦးမြို့နယ် ပြင်ဈေးရပ်ကွက်က အသက် ၁၆ နှစ်အရွယ် ဦးအောင်လှဇံရဲ့ သားဖြစ်သူ မောင်နေအောင်လင်း ဖြစ်တယ်လို့ သိရပါတယ်။

မောင်နေအောင်လင်းဟာ သြဂုတ်လ ၁၄ ရက်က မိမိဆန္ဒ အရ အာရက္ခတပ်တော်ထံ စစ်မှုထမ်းရန် လာရောက်ခဲ့တာလို့လည်း သိရပါတယ်။

“အာရက္ခတပ်တော်အနေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်များ၊ ကျန်းမာရေးမကောင်းသူများ၊ ကျောင်းသားများကို စစ်မှုထမ်းရန် လုံးဝ လက်မခံဘူး” လို့ မြောက်ဦးမြို့နယ်ပါတီမှူးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အလားတူ သြဂုတ်လ ၁၈ ရက်ကလည်း မိမိ ဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်တဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးကို မိဘများထံ အာရက္ခတပ်တော်က ပြန်လည် အပ်နှံခဲ့ပါသေးတယ်။
Photo – APM

Related posts

စစ်ကိုင်းတွင် ငလျင်ကြောင့် ၄၀၀ ကျော် သေဆုံး

Rakhita Times

ဖေဖော်ဝါရီလအတွင်း စကမကြောင့် ရက္ခိုင်အမျိုးသမီး ၂၂ ဦး သေဆုံး

Rakhita Times

KIO ဥက္ကဌဟောင်း ခရစ်တော်မှာ အိပ်ပျော်ခြင်းအပေါ် AA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

1 comment

Leave a Comment