NewsPolitic

လေးမျက်နှာတွင် မြေမြှုပ်မိုင်းနင်းမိလို့ ရက္ခိုင်စစ်ရှောင် ၂ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၂၁ သြဂုတ် ၂၀၂၆)

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်တွင် သြဂုတ်လ ၁၈ ရက် ညနေဖက်က မြေမြှုပ်မိုင်း နင်းမိလို့ ရက္ခိုင်စစ်ဘေးရှောင် ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“သူတို့က ဟင်းစား သွားရှာကြတာ။ ဒီကို ရောက်နေတာ ၁ နှစ် ပြည့်တော့မယ်။ မနှစ်က ၉ လပိုင်းကတည်းက ရောက်လာကြတာလေ။ ဂွကနေ လာတယ် ပြောတာပဲ” လို့ လေးမျက်နှာမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ် မြှုပ်နှံထားတဲ့ မြေမြှုပ်မိုင်း နင်းမိလို့ သေသုံးသွားတဲ့ ရက္ခိုင်စစ်ဘေးရှောင် ၂ ဦးကတော့ အသက် ၅၀ ဝန်းကျင်ရှိတဲ့ ဦးကျောက်နဲ့ ဒေါ်သိန်းမြင့် ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ၂ ဦးဟာ ဟင်းစားရှာ သွားရာမှာ ဧရာဝတီတိုင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ရက္ခိုင်ရိုးမအစပ် ပုသိမ်-မုံရွာကားလမ်းဘေး စက်စက်ယိုကျေးရွာအနီးမှာ မြှုပ်နှံထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ ဇူလိုင်လ ၂၄ ရက် ညနေကလည်း ရွေးတုအစိုးရတပ် မြှုပ်နှံထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိလို့ ရက္ခိုင်စစ်ဘေးရှောင် ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အထက်ပါ မြေမြှပ်မိုင်း ပေါက်ကွဲခဲ့တဲ့ နေရာဟာ ရွေးတုအစိုးရတပ်က၂၀၂၆ ခုနှစ် ဇွန်လမှာ ယာယီစခန်းချခဲ့တဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။

Related posts

ပုဏ္ဏားကျွန်း ယိုးငူရွာကို စကမဗုံးကြဲ အရပ်သားပြည်သူ ၁၂ ဦး သေဆုံး၊ ၂၀ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရ (Breaking News)

Rakhita Times

အာဆာ (ARSA) ကြောင့် မူဆလင်လူမျိုးတွေ အခက်ကြုံနေရ

Rakhita Times

စပါးတိုက်ရိုက် နယ်ကျော်သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်

Rakhita Times

2 comments

Leave a Comment