NewsPolitic

စစ်မှုထမ်းရန် လာရောက်တဲ့ ၁၃ နှစ်ရွယ် ကလေးကို မိဘထံ AA ပြန်အပ်

အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်က အသက်မပြည့်သေးတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ မိမိဆန္ဒအလျောက် အာရက္ခတပ်တော်ထံ စစ်မှုထမ်းရန်လာ‌ရောက်ရာ အသက်မပြည့်သေးလို့ အာရက္ခတပ်တော် တာဝန်ရှိသူတွေက မိဘတွေထံ စက်တင်ဘာလ ၁ ရက်မှာ ပြန်လည် အပ်နှံလိုက်တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်ထံ မိမိဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်သူမှာ ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်က အသက် ၁၃ နှစ်အရွယ် ဦးအောင်သိန်းချေနဲ့ ဒေါ်လှလှဝင်း တို့ရဲ့ သားဖြစ်သူ မောင်မင်းခန့် ဖြစ်တယ်လို့ သိရပါတယ်။

“ဒီရက်ပိုင်းထဲ တပ်တော်ထဲ လာဝင်ကြတာ စိပ်နေတယ်။ အသက် မပြည့်လို့ မိဘတွေထံ ပြန်အပ်တာ ၅ ယောက်ရှိပြီ။ နေ့တိုင်း လေယာဉ်ရန်ကြောက်ပြီး နေနေရတော့ မခံချင်စိတ်တွေများပြီး ကလေးတွေဆိုတော့ သွေးပူလွယ်တာပေါ့။ အဲလို ထင်တာပဲ။ နည်းနည်း ကြီးလာရင်တော့ စဉ်းစားပြီး တကယ်လုပ်သင့် မသင့် ချိန်တာပေါ့လေ။ ကျနော်ဆိုရင် စိတ်ရင်းနဲ့ဆို အသေမခံချင်သလို လက်နက်ကိုင်ပြီးလည်း မတိုက်ရဲဘူး” လို့ မြောက်ဦးမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သြဂုတ်လ ၁၈ ရက်ကလည်း မိမိ ဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်တဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးကို မိဘများထံ အာရက္ခတပ်တော်က ပြန်လည် အပ်နှံခဲ့ပါသေးတယ်။

အလားတူ သြဂုတ်လ ၁၉ ရက်မှာလည်း အရက္ခတပ်တော်ထံ မိမိ ဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်တဲ့ သက်ငယ်ကလေးတစ်ဦးကို မိဘတွေထံ ပြန်လည် အပ်နှံခဲ့ပါတယ်။
Photo-APM

Related posts

တားမြစ်အလှကုန် ရောင်းချခြင်း ရှိ/မရှိ FDA စစ်ဆေးနေ

Rakhita Times

စစ်တွေမှာ Mytel အင်တာနက်နဲ့ MyID တစ်ခုသာ သုံးလို့ရ

Rakhita Times

မန္တလေးတိုင်းက ငလျင်သင့် ကျောင်းသားတွေ ကျောင်းတက်နိုင်ရန် ကျောင်းသုံးပစ္စည်းတွေ ထောက်ပံ့မည်

Rakhita Times

Leave a Comment