NewsPolitic

စစ်တွေမြို့အနီး ရေချမ်းပြင်ရှိ စစ်ကောင်စီရဲ့ ကာကင်းစခန်းတစ်ခုကို AA ထပ်မံသိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၁၆ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်အစပ် ရေချမ်းပြင်အနီးရှိ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော်က အောက်တိုဘာလ ၁၅ ရက် နေ့လယ်ပိုင်းတွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-စစ်တွေ) အခြေစိုက်ရာ စစ်တွေမြို့ပတ်လည်ရှိ အမြင့်ကျွန်း၊ ရွှေမင်းဂံ၊ တောကန်နဲ့ ရေချမ်းပြင်တို့ အနီးဝန်းကျင်ရှိ စစ်စခန်းများကို အာရက္ခတပ်တော်က ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

ရေချမ်းပြင်ဝန်းကျင်တွင် အောက်တိုဘာလ ၅ ရက်ကတည်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ၁၀ ရက်အကြာမှာ စစ်ကောင်စီတပ်ရဲ့ စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နဲ့ ၁၁ ရက်တို့တွင် အောင်မင်္ဂလာဘက်ရှိ စစ်ကောင်စီရဲ့ ကင်းစခန်းတွေကို အာရက္ခတပ်တော်က ထပ်မံ သိမ်းပိုက်နိုင်ပြီး အဆိုပါ ထိုးစစ်အတွင်း စစ်ကောင်စီရဲ့ အသေးစားစခန်းပေါင်း (၉) ခုအထိ သိမ်းပိုက် ရရှိထားပြီး ရေချမ်းပြင်ဘက်တွင်လည်း စစ်ကောင်စီရဲ့ ဘန်ကာတွေကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိတွင် ရွှေမင်းဂံရေတပ်စခန်း၊ ကံ့ကော်ကျွန်း၊ ဇော်မတက်၊ တောကန်နဲ့ နာရီကန်ဝန်းကျင်တို့တွင်လည်း နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Related posts

ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းသာလိုနေပြီလို့ AA ပြော

Rakhita Times

AA က ရေကြည်က ရွေးတုအစိုးရတပ် ကာကင်းများ သိမ်းပိုက်အပြီး အသုတ်တွင် ခံစစ်ပြင်ဆင်နေ

Rakhita Times

ဘူးသီးတောင်တွင် ULA/AA က မြေပြင်ဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေး

Rakhita Times

Leave a Comment