NewsPolitic

မြေပုံမြို့နယ်က ဆဋ္ဌမတန်းကျောင်းသူ အာရက္ခလောင်ပေါ် ၅ ကြိမ်မြောက်မှာ ပထမဆု ကျပ်သိန်း ၁၀၀၀ ရ

အာရက္ခတိုင်းမ်စ် (၁ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် မြေပုံမြို့နယ်က ဆဋ္ဌမတန်း ကျောင်းသူတစ်ဦး ၅ ကြိမ်မြောက် အာရက္ခလောင်ပေါ်မှာ အမြင့်ဆုံးဆု ကျပ်သိန်း ၁၀၀၀ ကို ကံထူးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ လောင်ပေါ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာနက ဒီကနေ့ နိုဝင်ဘာလ ၁ ရက်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ကံစမ်းမဲကို သက်ဆိုင်ရာတာဝန်ရှိသူတွေက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖွင့်လှစ်ကျင်းပပြီး ဆုအမျိုးအစားအသီးသီးက ကံထူးရှင် လောင်ပေါ်နံပါတ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

ပထမဆုကြီး ကျပ်သိန်း ၁၀၀၀ (သန်း ၁၀၀) ကို ရရှိသူက လက်ရှိ ဆဋ္ဌမတန်း (Grade-6) ပညာသင်ကြားနေတဲ့ ကျောင်းသူ တစ်ဦးဖြစ်ပါတယ်။

ဌာနရဲ့ ထုတ်ပြန်ချက်အရ ကံထူးရှင်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာပြီး သတ်မှတ်ကာလအတွင်း ဆုငွေကို ထုတ်ယူနိုင်ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အကောက်အခွန်ဌာနက ဦးဆောင်ပြီး အာရက္ခလောင်ပေါ်ကို ရောင်းချနေတာဖြစ်ပြီး ဒီအစီအစဉ်က တရားမဝင် လောင်းကစားလုပ်ငန်းတွေကို လျော့နည်းပပျောက်စေဖို့နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေ စုဆောင်းနိုင်ဖို့ ရည်ရွယ်တာဖြစ်ကြောင်း ဌာနက ဆိုပါတယ်။

Related posts

အာရက္ခတပ်တော်အပေါ် တရုတ် ဘယ်လို သဘောထားသလဲ

Rakhita Times

ရက္ခိုင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှုကို ရက္ခိုင်အဖွဲ့အစည်းတွေ ကန့်ကွက်

Rakhita Times

မြဝတီက လက်နက်ကြီးကျည် ထိုင်းဘက်ကျ၊ အရပ်သားတစ်ဦး ဒဏ်ရာရလို့ ထိုင်းစစ်တပ် နယ်စပ်မှာ အင်အားတိုးချ

Rakhita Times

Leave a Comment