BusinessNewsPolitic

ဘင်္ဂလားဒေ့ချ်က AA နဲ့ ဆက်ဆံရေးတည်ဆောက်သင့်တယ်လို့ အကြံပေးဟောင်းပြော

အာရက္ခတိုင်းမ်စ် (၉ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်မှာ မကြာမီ လွတ်လပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (သို့) အလားတူ အုပ်ချုပ်ရေးပုံစံတစ်ခု ပေါ်ပေါက်လာနိုင်တာကြောင့် ဘင်္ဂလားဒေ့ချ်အစိုးရအနေနဲ့ အာရက္ခတပ်တော် (AA) နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တိုက်ရိုက် သို့မဟုတ် ကြားခံအဖွဲ့အစည်းတွေကနေ စတင်တည်ဆောက်ထားဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ချ် ယာယီအစိုးရအဖွဲ့ အကြံပေးဟောင်း အငြိမ်းစားဗိုလ်မှူးချုပ် အမ် ဆာခါဝတ် ဟူစိန်က ဒါကာမြို့ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဒုဝန်ကြီး ရှမာ အိုဘေးဒ် အစ္စလာမ်က မူဆလင်အရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ် ရေးဆွဲနိုင်ဖို့ အစိုးရကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး အဲဒီကော်မတီကတဆင့် မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးနေတယ်လို့လည်း ပြောခဲ့ပါတယ်။

မြေပြင်မှာ လက်တွေ့ထိန်းချုပ်ထားတဲ့ AA နဲ့လည်း အဆက်အသွယ်ပြုလုပ်ပြီး တိုက်ရိုက်ဆွေးနွေးမှုတွေ ဆောင်ရွက်နေကြောင်း ရှမာက ထုတ်ဖော် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အငြိမ်းစားဗိုလ်မှူးချုပ် ဟူစိန်က မူဆလင်အရေးဟာ လူသားချင်းစာနာမှုအဆင့်ထက် ဘင်္ဂလားဒေ့ချ်ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ ပြောခဲ့ပါတယ်။

ဟူစိန်က အိန္ဒိယကို အကူအညီမျှော်လင့်လို့မရဘဲ တရုတ်နိုင်ငံနဲ့ အဆိုပြုထားတဲ့ စီးပွားရေးစင်္ကြံစီမံကိန်းကို အသုံးချပြီး မူဆလင်တွေ ပြန်ပို့ရေး ညှိနှိုင်းမှုမှာ အသာစီးရယူသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ရှမာက ပုံမှန်သံတမန်ရေးလမ်းကြောင်းတွေနဲ့ပဲ ဒုက္ခသည်အရေးကို ဖြေရှင်းဖို့ ကြိုးပမ်းတာ လက်တွေ့မကျဘူးလို့ အကဲဖြတ်ခဲ့ပြီး မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုတွေကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံရေးပါတီတွေက နိုင်ငံတကာအသိုင်းအဝိုင်းဆီ ထိရောက်စွာ ဖိအားပေးနိုင်အောင် စည်းလုံးစွာ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ချ်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ခလီလူရ်ရာမန်က ဒါကာက AA နဲ့ ဆက်သွယ်မှုကို “လက်တွေ့လိုအပ်ချက်” ကြောင့်လို့ ဖော်ပြခဲ့ဖူးပါတယ်။

ကုလသမဂ္ဂကတဆင့် AA နဲ့ ဆက်သွယ်တယ်လို့ ပြောခဲ့ဖူးတယ်လို့ Daily Star နဲ့ Outlook India တို့က ဖော်ပြခဲ့ပါတယ်။

ULA/AA အကြီးအကဲက ဘင်္ဂလားဒေ့ချ်နိုင်ငံခြားရေးဝန်ကြီးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ ဂုဏ်ပြုစာ ပထမဆုံးပို့ခဲ့တယ်လို့ Dhaka Tribune က ဖော်ပြခဲ့ပါတယ်။

Related posts

ဘင်္ဂလီတွေ နေရပ်ပြန်ဖို့ AA နဲ့ ဆွေးနွေးဖို့ ကုလ ပြောတဲ့အပေါ် ဒေါက်တာအေးမောင် ဘာပြောလဲ

Rakhita Times

ထိုင်း-ကမ္ဘောဒီးယား စစ်ရေးကြား မြန်မာမှန်းသိသာအောင် နေထိုင်ဖို့ လိုအပ်

Rakhita Times

စစ်ပညာသင်ပေးခြင်း၊ အကူညီပေးဖြင်းအတွက် အထူးကျေးဇူးတင်ကြောင်း AA ကို BPLA ပြော

Rakhita Times

Leave a Comment