NewsPolitic

ပုဏ္ဏားကျွန်းတောင်ပိုင်းကို စစ်ကောင်စီ ထပ်မံထိုးစစ်ဆင်ဖို့ လှုပ်ရှား၊ ငပြီကျွန်းမှာ တိုက်ပွဲဆက်ဖြစ်နေ

အာရက္ခတိုင်းမ်စ် (၁၀ နိုဝင်ဘာ ၂၀၂၆)

စစ်ကောင်စီတပ်က ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်းကို ထပ်မံ တိုက်စစ်ဆင်ဖို့ စစ်ကြောင်းတွေ အင်အားစုစည်းပြီး လှုပ်ရှားလာနေတယ်လို့ သိရပါတယ်။

တိုက်စစ်ဆင်နိုင်ရန်အတွက် စစ်ကောင်စီဟာ မြို့ရဲ့ မြောက်ဘက်က ကျောက်ဆိပ်နဲ့ ယိုးငူကျေးရွာတွေကို ဒရုန်းတွေနဲ့ ဆက်တိုက် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဝီရဌာနီမြို့နယ်၊ ငပြီကျွန်းပေါ်မှာလည်း စစ်ကောင်စီစစ်ကြောင်းတွေ ခြေကုပ်ရဖို့ ကြိုးပမ်းနေလို့ AA နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

စစ်ကောင်စီက ကျွန်းပေါ်မှာ စစ်အင်အားနဲ့ လက်နက်ကြီးပစ်ကူတွေရယူပြီး အခြေစိုက်ဖို့ ကြိုးပမ်းနေပေမယ့် AA ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဘဲ အကျအဆုံးများတယ်လို့ AA က ဆိုထားပါတယ်။

AA က စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်လာတယ်လို့လည်း ဆိုပြီး ဆေးရုံ၊ ဘုန်းကြီးကျောင်းနဲ့ စစ်ရေးနဲ့မသက်ဆိုင်တဲ့ ကျေးရွာတွေကို လေကြောင်းနဲ့ ဒရုန်းတွေနဲ့ ဗုံးကြဲတာကို AA ဘက်က ပြန်လည်လက်တုံ့ပြန်သွားမယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။

Related posts

ရက္ခိုင်မှာ အိမ်/ခြံခွန် စတင်ကောက်ခံ၊ ဒေသခံတွေ အခက်တွေ့နေ

Rakhita Times

ရက္ခိုင်တပြည်လုံး ပုဂ္ဂလိကဘဏ် လည်ပတ်မှု ရပ်ဆိုင်း

Rakhita Times

စကမ အဖွဲ့ဝင် ၂၆ ဦး အရှင်ဖမ်းမိကြောင်း CDF – Asho ပြော

Rakhita Times

Leave a Comment