NewsPolitic

တောင်ကုတ်ကို ထိုးစစ်ဆင်နိုင်ရန် ပဲခူးအနောက်ခြမ်း ကျေးရွာတွေကို စစ်ကောင်စီ စစ်ကြောင်းထိုးနေ

အာရက္ခတိုင်းမ်စ် (၁၆ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ်ကို ထိုးစစ်ဆင်နိုင်ရန်အတွက် ပဲခူးအနောက်ဘက်ခြမ်း၊ ပြည်ခရိုင်အတွင်းက ပေါက်ခေါင်းမြို့နယ်တောင်ဘက်နဲ့ ပြည်မြို့အရှေ့ဘက်ခြမ်း ဝက်ထီးကန်-ပေါင်းတလည်လမ်းကြောင်းတလျှောက်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခု တပ်ဖြန့်ရွေ့လျားပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အဲဒီ စစ်ကြောင်းက နိုဝင်ဘာလ ၁၀ ရက်က ပြည်မြို့ အရှေ့တောင်ဘက်ခြမ်းက ကျေးရွာတစ်ရွာကို ရောက်ရှိ အခြေပြုလျက် ရှိတယ်လို့ သိရပါတယ်။

စစ်ကြောင်းကို ပြည်တပ်နယ်နဲ့ ဝက်ထီးကန်ရဲသင်တန်းကျောင်းတို့က အင်အားတွေနဲ့ စုဖွဲ့ထားတာဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်ကစပြီး ကျေးရွာပေါင်းများစွာကို ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

စစ်ကြောင်းက ပြည်မြို့နယ်နဲ့ ပေါက်ခေါင်းမြို့နယ်အတွင်းက ဝက်ထီးကန်၊ ထရုံအလည်စု၊ ဝန်တင်ဆိပ်၊ တဲကြီးကုန်း၊ ကံသာယာ၊ မကျည်းပင် စတဲ့ ကျေးရွာ ၁၀ ကျော်ကို ဆက်တိုက်လှည့်လည် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပန်းတောင်းတပ်နယ်၊ ညောင်ကျိုးရိုးမပေါ်မှာတော့ မြေပြင်ထိတွေ့တိုက်ပွဲ မဖြစ်သေးပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြန်ဖြစ်လာနေတယ်လို့ သိရပါတယ်။

Related posts

မြန်မာနိုင်ငံမှာ ငလျင်ကြီး ထပ်မံလှုပ်နိုင်ဖွယ်ရှိ

Rakhita Times

မင်းပြားတွင် အရက်မူးပြီး ကိုယ့်အိမ်ကို မီးရှို့မှုဖြစ်ပွား

Rakhita Times

ရက္ခိုင်မှာ အိမ်/ခြံခွန် စတင်ကောက်ခံ၊ ဒေသခံတွေ အခက်တွေ့နေ

Rakhita Times

Leave a Comment