NewsPolitic

စနဲမြို့ကို ဒရုန်းသုံး တိုက်ခိုက်လို့ နေအိမ် အများအပြား မီးလောင်ပျက်စီး

အာရက္ခတိုင်းမ်စ် (၁၆ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် စနဲမြို့ကို စစ်ကောင်စီရေတပ်က တောင်မော်ကြီးရေတပ်စခန်းဘက်ကနေ ဒရုန်းတွေသုံးပြီး ဗုံးတွေနဲ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့လို့ နေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်မှာ စစ်ကောင်စီက ဗုံးတွေကို ကြဲချ တိုက်ခိုက်ခဲ့ပြီး လက်ရှိအထိ မြို့ပေါ်မှာ မီးလောင်မှုတွေ ဆက်ဖြစ်နေဆဲလို့ သိရပါတယ်။

ဒေသခံပြည်သူတွေဟာ အရင်ကတည်းက နေရပ်စွန့်ခွာ တိမ်းရှောင်သွားကြပြီဖြစ်လို့ မြို့ပေါ်မှာ မီးငြှိမ်းသတ်မယ့်သူ မရှိတော့ဘဲ မီးလောင်မှုတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

စနဲမြို့က ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက် ၂၈ မိုင်ခန့်အကွာမှာ တည်ရှိပြီး ရပ်ကွက် ၅ ခုပါဝင်တဲ့ မြို့ဖြစ်တယ်လို့ သိရပါတယ်။

AA နဲ့ စစ်ကောင်စီတပ်တို့ကြား စနဲမြို့နဲ့ တောင်မော်ကြီး ရေတပ်စခန်းအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး AA ဘက်က စစ်ကောင်စီတပ်တွေကို ပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စနဲမြို့ဟာ ၂၀၂၆ ခုနှစ် မေလမှာလည်း ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုတွေကို ခံခဲ့ရပြီး ရွှေဟင်္သာရပ်ကွက်က နေအိမ် ၁၀၀ ခန့် မီးလောင် ပျက်စီးခဲ့ပါတယ်။

Related posts

ဧရာဝတီတိုင်းကို AA ထိုးစစ်ဆင်လာနိုင်၍ အမြောက်တပ်စခန်းအခိုင်အမာ တည်ဆောက်နေ

Rakhita Times

ရက္ခိုင်တိုက်ပွဲရှောင်တွေကို နေရပ်ပြန်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား

Rakhita Times

ကံကြီးတွင် စကမ အင်အား ၂၀၀ နဲ့ ခံစစ်ပြင်၊ ကျောက်ထု အမြောက်တပ်ကနေ ဒရုန်းနဲ့ ဗုံးကြဲနေ

Rakhita Times

Leave a Comment