NewsPolitic

ကျောက်ဖြူမှာ တိုက်ပွဲပြင်းနေပြီး စကစ က ခရီးသည်တင်လေယာဉ်တွေနဲ့ပါ စစ်ကူ၊ လက်နက်ခဲယမ်းပို့နေ

အာရက္ခတိုင်းမ်စ် (၁၈ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း နိုဝင်ဘာလ ၇ ရက်ကစပြီး ပြန်လည်စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ စစ်ရေးနယ်မြေ ပိုကျယ်ပြန့်လာပြီး လက်ရှိမှာ အခြေအနေ အပြင်းထန်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

မင်းတက်တောင်နဲ့ ပြိုင်းစေ့ကေ စတဲ့ နေရာတွေအထိပါ တိုက်ပွဲတွေ ကူးစက် ဖြစ်ပွားလာနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်က အဝတောင်စခန်းကို ပိတ်ဆို့တိုက်ခိုက်နေပြီး တောင်မော်ကြီး ရေတပ်စခန်း အနီးအထိပါ ထိုးစစ်ဆင်လျက် ရှိနေတယ်လို့ သိရပါတယ်။

ကျောက်ဖြူ စစ်မျက်နှာကို စစ်ကူပို့ဖို့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ခုကို AA က လမ်းခုလတ်ကနေ ကြားဖြတ်တိုက်ခိုက်နေတာကြောင့် သိုင်းချောင်းနဲ့ မင်းပြင်ဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း သူက ဆိုပါတယ်။

စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကို ဆက်လက် သိမ်းပိုက်သွားမယ်လို့ နိုဝင်ဘာလ ၁၃ ရက်မှာ AA က ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ရက္ခိုင်ဒေသအတွင်း ခုခံစစ်နဲ့ ထိုးစစ်တွေကို အရှိန်မြှင့်ဖို့ ညွှန်ကြားထားတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ခရီးသည်တင် လေယာဉ်တွေကို အသုံးပြုပြီး စစ်တွေနဲ့ ကျောက်ဖြူလေဆိပ်တွေကို စစ်မှုထမ်း တပ်သားသစ်တွေ၊ လက်နက်ခဲယမ်းနဲ့ ဒရုန်းတွေ အဆက်မပြတ် ပို့ဆောင် အင်အား ဖြည့်တင်းနေတယ်လို့ ရန်ကုန်လေဆိပ်က အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

Justice for Myanmar က ၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီ လေတပ်က ATR ခရီးသည်တင် လေယာဉ်တွေနဲ့ စစ်သားတွေ လက်နက်တွေ စစ်တွေအပါအဝင် အရပ်သား လေဆိပ်တွေကို ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

Related posts

KNU တို့ ဟန်ချက်ညီညီ ဆက်တိုးကြမယ်ဆိုရင် စစ်ရေးပိုပြင်းထန်လာနိုင်

Rakhita Times

စစ်ကောင်စီရဲ့ ဒရုန်းကြောင့် ဦးကင်းရွာ ရွာလုံးကျွတ်မီးလောင်

Rakhita Times

စစ်တွေပြည်သူတွေကို ဒေါ်စောမြရာဇာလင်း ငွေးကြေးလှူဒါန်း

Rakhita Times

Leave a Comment