NewsPolitic

စစ်ကောင်စီရဲ့ ဒရုန်းကြောင့် ဦးကင်းရွာ ရွာလုံးကျွတ်မီးလောင်

အာရက္ခတိုင်းမ်စ် (၇ မတ် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဦးကင်းရွာကို စစ်ကောင်စီက မတ်လ ၆ ရက် တွင် ဒရုန်းနဲ့ နှစ်ကြိမ်လာရောက် ဗုံးကြဲခဲ့လို့ ရွာလုံးကျွတ် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ဓညဝတီရေတပ်စခန်းဌာနချုပ်ကနေပြီးတော့ ဒရုန်းတွေ လွှတ်တာ၊ နေ့လယ်မှာ တစ်ကြိမ် နဲ့ ညနေပိုင်းမှာ တစ်ကြိမ်၊ နှစ်ကြိမ်လာကြဲတာ။ အိမ်တွေတော့ အကုန်ကုန်သွားပြီ။ ရွာသားတွေလည်း ထွက်ပြေးနေရတယ်” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ ဦးကင်းရွာဟာ ဓညဝတီရေတပ်ဌာနချုပ်နဲ့ ၃ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေပေါင်း ၂၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက် ကစတင်ပြီး ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်ဌာနချုပ်အနီး ဦးကင်း၊ ကြတ္တိန်၊ စည်မော် နဲ့ ရှောင်ချောင်း ဒေသတို့တွင် စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်အနေနဲ့ စစ်ကောင်စီရဲ့ ဓညဝတီရေတပ်ဌာနချုပ် အနီးအနားက ကာကင်းတွေကို သိမ်းပိုက်ထားပြီးဖြစ်လို့ အခုလို ရေတပ်ဌာနချုပ်ကနေပြီးတော့ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

Related posts

တောင်ကုတ်မှာ လုံခြုံရေးကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်

Rakhita Times

စစ်တပ်က စစ်တပ်အလုပ်မလုပ်လို့ နိုင်ငံရေးချွတ်ခြုံကျ

Rakhita Times

လေကြောင်းတိုက်ခိုက်မှုကို ဟိုက်ကင်သဘောတူညီချက်အရ စကားပြောဖို့လို

Rakhita Times

280 comments

Leave a Comment