NewsPolitic

မြောက်ဦးကို လေကြောင်းတိုက်ခိုက်ခံမှု သေဆုံးသူ အရပ်သား ၂၈ ဦးအထိ ရှိလာ

အာရက္ခတိုင်းမ်စ် (၂၉ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၊ အောင်တပ်အုပ်စု၊ မြို့သစ်ရပ်ကွက်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့ တစ်ရက်တည်းမှာ စစ်ကောင်စီရဲ့ လေကြောင်းက နှစ်ကြိမ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် သေဆုံးသူ အရပ်သား ၂၈ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။

“သေဆုံးသူ ၂၈ ယောက် ရှိသွားပြီ” လို့ စာရေးဆရာ ဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

နိုဝင်ဘာလ ၂၈ ရက်မှာ စစ်ကောင်စီဟာ ညနေ ၄ နာရီ ၃ မိနစ်ခန့်မှာ ပထမအကြိမ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ည ၇ နာရီ ၅၀ မိနစ်ခန့်မှာ ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီ တိုက်ခိုက်မှု နှစ်ကြိမ်စလုံးမှာ ပေါင် ၅၀၀ ဗုံး ၂ လုံးစီ (စုစုပေါင်း ၄ လုံး) အသုံးပြုခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ သေဆုံးဒဏ်ရာရရှိသူ အရေအတွက်နဲ့ နေအိမ်ပျက်စီးဆုံးရှုံးမှု အသေးစိတ် စာရင်းအပြည့်အစုံကို ဆက်လက် စိစစ် ထုတ်ပြန်ပေးသွားမယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

ဓာတ်ပုံ- One Nation News

Related posts

ကျောက်တော်မြို့ ဗုံးကြဲခံရမှု ပြည်သူ (၃၃) ဦးခန့် သေဆုံး၊ (၃၆) ဦး ဒဏ်ရာရ (AA ထုတ်ပြန်)

Rakhita Times

ကျောက်တော် ဗုံးကြဲခံရမှုတွင် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၉ ဦးထိ ရှိလာ

Rakhita Times

MNDAA ဆုတ်ခွာသွားတဲ့ လားရှိုးကို NUG တို့ နေရာယူသင့်

Rakhita Times

Leave a Comment