NewsPolitic

စစ်ကောင်စီက ပွိုင့် ၆၆၆ စခန်းကုန်းကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းနေ

အာရက္ခတိုင်းမ်စ် (၂၉ နိုဝင်ဘာ ၂၀၂၆)

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်၊ ညောင်ကျိုးရိုးအခြေ သူရဲတန်းကြိုးဝိုင်းအတွင်းမှာ စစ်ကောင်စီတပ်က ပွိုင့် ၆၆၆ စခန်းကုန်းကို လက်နက်ကြီးပစ်ကူနဲ့ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ဒီစခန်းကုန်းကတစ်ဆင့် ပုဂံကျိုးရိုးပေါ်ကို ထိုးဖောက် ဝင်ရောက်နိုင်ဖို့ စီစဉ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

ပွိုင့် ၆၆၆ စခန်းကုန်းဟာ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) နဲ့ အလှမ်းဝေးကွာနေလို့ ထောက်ပံ့မှုလမ်းကြောင်းအတွက် အခက်အခဲရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ရက္ခိုင်ပြည် တောင်ပိုင်းကို ဝင်ရောက်နိုင်ဖို့အတွက် စစ်မျက်နှာ ၄ ခုဖွင့်လှစ်ပြီး ထိုးစစ်ဆင်နေတယ်လို့လည်း သိရပါတယ်။

ပွိုင့် ၆၆၆ ကို စစ်ကောင်စီတပ်က ယာယီပြန်သိမ်းခဲ့ပြီးနောက် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ၂၀၂၆ ဇန်နဝါရီလကုန်ပိုင်းမှာ ပြန်လည် သိမ်းပိုက်ခဲ့ပါတယ်။

Related posts

AA စစ်ဦးစီးချုပ်ပြောသလို ဝိတိုရိယတောင်ပေါ်တွင် ချင်းအလံထောင်နိုင်ပြီလို့ CDF-Kanpetlet ပြော

Rakhita Times

မြောက်ဦးကို လေကြောင်းတိုက်ခိုက်ခံမှု သေဆုံးသူ အရပ်သား ၂၈ ဦးအထိ ရှိလာ

Rakhita Times

ရက္ခိုင်ရေပိုင်နက်ထဲ တရားမဝင် ရေလုပ်သား ၂၁ ဦးကို AA ပြန်လွှတ်

Rakhita Times

Leave a Comment