စစ်တွေပြည်သူ့ဆေးရုံက ဆေးတွေကို စကမက စစ်ဆေးရုံကို ယူသွား
အာရက္ခတိုင်းမ်စ် (၁၅ မတ် ၂၀၂၆) ရက္ခိုင်ပြည်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို စစ်ကော်မရှင်တပ်တွေက စစ်ဆေးရုံကို ယူသွားကြတယ်လို့ စစ်တွေဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်တွေက ရေတပ်ဌာနကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ စစ်တွေ ပြည်သူ့ဆေးရုံရဲ့ သိုလှောင်ရုံကို ကျရောက်ပြီး...
