NewsPolitic

TNLA ထိန်းချုပ်နယ်မြေတွေကို MNDAA ထိုးစစ်ဆင်နေ

အာရက္ခတိုင်းမ်စ် (၁၄ မတ် ၂၀၂၆)

တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ကိုးကန့်တပ်-MNDAA က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ကိုးကန့်တပ်-MNDAA ဟာ တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့နယ်မြေတွေဖြစ်တဲ့ ကွတ်ခိုင်၊ တာမိုးညဲ နဲ့ မုံးစီး စတဲ့ နယ်မြေတွေကို ထိုးစစ်ဆင် ဝင်ရောက်လာနေတာလည်း ဖြစ်ပါတယ်။

“ ကွတ်ခိုင်နယ် TNLA စခန်းအားလုံးလိုလိုကို ကိုးကန့်တပ်က အင်အားအများအပြားနဲ့ ရုတ်တရက် လာဝိုင်းပြီး လက်နက်ချဖို့ ပြောဆိုနေပါတယ်။ မချရင် ပစ်မယ်ဆိုပြီး အမိန့်ပေးပါတယ်။ ကိုးကန့်ဘက်က စစ်မျက်နှာ ၄ ခု တပြိုင်နက်ဖွင့်ပြီး တိုက်နေတာလို့ စုံစမ်းသိရပါတယ်” လို့ မြေပြင်သတင်းတင်ဆက်နေတဲ့ သတင်းထောက် မိုင်းအနိုင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အလားတူ ကိုးကန့်တပ်-MNDAA ဟာ KIA ထိန်းချုပ်တဲ့ နမ့်ဖက်ကာရွာထဲကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးတွဲထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်တွင် တအာင်းတပ်-TNLA တပ်သားတွေကို ကိုးကန့်တပ်-MNDAA က အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့လည်း ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပါတယ်။

“ တပ်စခန်း အကုန်လုံးကို သူတို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ တပ်စခန်း အကုန်လုံးကို တပ်စခန်း အသေးတွေရော အကြီးတွေရော တပြိုင်နက်တည်းကို ထိုးစစ်ဆင်တဲ့ ပုံစံမျိုးပေါ့။ ဖြစ်တာက ကွတ်ခိုင်မှာပဲဆိုပေမယ့် အခုဖြစ်နေတာက ကွတ်ခိုင်တင်မဟုတ်ဘူး အကုန်လုံးကို ညီနောင်မဟာမိတ် ထိန်ချုပ်ထားတဲ့ ကျင်စန်းကျော့နေရာမှာတောင်မှ TNLA တပ်သားတွေကို အင်အားအများအပြားနဲ့ လာရောက် ဖမ်းသွားတာ။ ကွတ်ခိုင်နဲ့ မဆိုင်တဲ့ နမ့်ဖက်ကာက စခန်းတွေအကုန်လုံး ထိုးစစ်ဆင်နေတာ။ တာမိုးညဲရော သူတို့နဲ့ ထိဆက်နေတဲ့ နေရာတွေအကုန်လုံးကို ထိုးစစ်ဆင်နေတာ” လို့ မိုင်းအနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကိုးကန့်တပ်-MNDAA က အခုလို ထိုးစစ်ဆင်နေတာဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့ မိတ်ဖက်ပဋိပက္ခ ဖြစ်စေခဲ့သလို ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်မှာ ကျရောက်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA တည်ထောင်ခြင်း (၃၇) နှစ်ပြည့်မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်တဲ့ အာရက္ခတပ်တော်-AA နဲ့ တအာင်းတပ်-TNLA ဘက်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တာ မတွေ့ခဲ့ရပါဘူး။

Photo – Mai A Naing

Related posts

စစ်တွေကို ကုန်စည်မဝင်တာ ၁ လနီးပါးရှိနေ

Rakhita Times

မြန်မာနိုင်ငံမှာ ငလျင်ကြီး ထပ်မံလှုပ်နိုင်ဖွယ်ရှိ

Rakhita Times

ဦးထွန်းအောင်ကို “ ရက္ခိုင့်အမျိုးသား သစ္စာစောင့်သိမှု စံပြဆု” ချီးမြှင့်မည်

Rakhita Times

3 comments

https://mapleprimes.com/users/sonmint3 ဧပြီ 14, 2026 at 8:23 မနက်

References:

Online casino echtgeld book of ra

References:
https://topbookmarks.site/item/611054

Reply
https://code.antopie.org/foodviola36 ဧပြီ 16, 2026 at 2:40 မနက်

References:

Steroids for building muscle fast

References:
https://pad.geolab.space/s/mdCyddoeh

Reply
zenwriting.net ဧပြီ 16, 2026 at 7:42 မနက်

References:

Do steroids make your voice higher

References:
https://clientprice62.werite.net/testosterone-prix-et-couts

Reply

Leave a Comment