အာရက္ခတိုင်းမ်စ် (၁၄ မတ် ၂၀၂၆)
ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက ရက္ခိုင်ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိပြနေထိုင်ကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စစ်ကော်မရှင်ရဲ့ လေကြောင်းအန္တရာယ်ကို ကာကွယ်နိုင်ရးအတွက် ရက္ခိုင်ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားရန် အချက် (၈) ချက်ကို လိုက်နာကြရန် သတိပေး တိုက်တွန်း နှိုးဆော်ထားပါတယ်။
အဆိုပါ အချက်တွေကတော့ လူနေခြံဝန်းတို့တွင် ဗုံးခိုကျင်းများ တူးထားရန်၊ လျှပ်တပြက်ဖြစ်ပေါ်လာသော လေကြောင်းတိုက်ခိုက်မှုအတွင်း ပုန်းခိုနိုင်ရန် မိမိတို့ အိမ်ခြံပတ်လည်ရှိ ရေစီးမြောင်းတို့ကို မိမိတို့ကိုယ်တိုင် တူးဖော်ရှင်းလင်းထားကြရန်၊ လေယာဉ်သံကို မကြားစေနိုင်တဲ့ အသံချဲ့စက် (စပီကာ) ကို ဆူညံအောင်ဖွင့်ထားခြင်းနဲ့ အိတ်ဇောမပါတဲ့ ကား/ဆိုင်ကယ် စတဲ့ ယာဉ်များကို မောင်းနှင်ခြင်း၊ နားကြပ်တပ်ပြီး ဖုန်းအသုံပြုခြင်းများကို မပြုလုပ်ရန်၊ Stage Show အပါအဝင် ပျော်ပွဲရွှင်ပွဲများ/ပွဲလမ်းသဘင်များကို လူစုလူဝေးဖြင့် စုရုံးကျင်းပခြင်းများကို မပြုလုပ်ရန်၊ အိပ်စက်အနားယူခြင်းကို အတတ်နိုင်ဆုံး အိမ်အောက်ထပ်တွင် ပြုလုပ်ရန်၊ ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း မီးမထွန်းရန်၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ကားများ ဝင်/ထွက် သွားလာနိုင်ရန် ကားအဝင်/အထွက် မလွတ်ကင်းတဲ့ လမ်းတစ်လျှောက်ရှိ ဆိုင်အယပ်အတွဲများ (ဆိုင်ရှေ့က နေကာချထားတဲ့ ဆန်းရှိတ်) ကို ဖယ်ရှားရှင်းလင်းထားရန်၊ မိမိတို့ ရပ်ကွက်/ကျေးရွာအတွင်း မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်များနဲ့ သူတို့ရဲ့ အပြုအမှုများမှာ သံသယဖြစ်ဖွယ်ရာများ တွေ့ရှိပါက နီးစပ်ရာ အုပ်ချုပ်ရေးဌာန၊ DELEPS စခန်း၊ ပါတီရုံးကို သတင်းပို့ တိုင်းကြားရန် စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
အဆိုပါ သတိပေး တိုက်တွန်းနှိုးဆော်ချက်တွေကို ရက္ခိုင်ပြည်သူများအနေနဲ့ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်းနဲ့ အဆိုပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ထပ်မံ သတိပေးထားပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လေကြောင်းအန္တရာယ် ကြုံတွေလာချိန်တွင်လည်း ရက္ခိုင်ပြည်သူတွေလိုက်နာရန် အချက် ၇ ချက်ကိုလည်း လိုက်နာရန် တိုက်တွန်းထားပါတယ်။
အဆိုပါ အချက်တွေကတော့ စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထားရန်၊ ကြောက်လန့်တကြား ပြေးလွှားခြင်း မပြုလုပ်ရန်၊ နီးစပ်ရာ ရေမြောင်း/ဗုံးခိုကျင်းထဲတွင် မှောက်ခုံအနေအထား (ရင်ဘတ်နဲ့မြေကြီး မထိစေဘဲ လက်သီးဆုပ် နှစ်ဆုပ်စာကို ကြားခံထားပြီး) မျက်စိမှိတ်ကာ ခေါင်းမဖော်ဘဲ ဝပ်နေရန်၊ မှန်နဲ့ လွင့်စင်ထိခိုက်လွယ်တဲ့ ပစ္စည်းများရှိတဲ့ အဆောက်အဦများ နံရံများ ပြတင်းပေါက်များနဲ့ အဝေးမှာနေရန်၊ လေယာဉ်သံကြားတာနဲ့ ချက်ချင်း ထကြည့်ခြင်း ထသွားခြင်း မပြုလုပ်ရန်၊ လေယာဉ်သံတိတ်ပြီး အနည်းဆုံး မိနစ် ၃၀ ခန့်ကြာမှ လိုရာခရီးကို ဆက်လက်သွားရန် နဲ့ သက်ဆိုင်ရာ ကန့်သတ်တားမြစ်ထားတဲ့ နေရာတို့ကို သွားလာခြင်း မပြုရန် စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
Photo – Golden Era Media

5 comments
Пинко Казино предлагает широкий выбор онлайн-игр и азартных развлечений.
Пинко Казино
Регулярные акции делают игру еще более выгодной.
http://bnb.easytravel.com.tw/click.aspx?area=0&class=2&item=26&no=1222&url=http%3A%2F%2Fwww.bandsworksconcerts.info%2Findex.php%3FShelbyCruz24
https://zookompleks.ru
После матчей КПЛ открыл обсуждение live-ставок http://homad.ru/chelsi-arenda-satpaeva-v-strasbur/ по теме футбола Казахстана, материал оказался полезным.
Les debutants choisissent roulette live sur webhitlist.com/forum/topics/hugo-bets-d-chire pour les petits depots.