NewsPolitic

AA နဲ့အတူ ကပစ (၁၆) ကို BPLA ပါ ပူးပေါင်းတိုက်ခိုက်နေ

အာရက္ခတိုင်းမ်စ် (၂၆ မတ် ၂၀၂၆)

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆) အနီးနဲ့ ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာ အာရက္ခတပ်တော်နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ တိုက်ပွဲတွေမှာ BPLA၊ မြေလတ်စစ်ဒေသ၊ အမှတ် (၂၀၃) ဗျူဟာ အညာစစ်ဒေသ အမှတ် (၃၀၈) ဗျူဟာတို့ ပါဝင်တိုက်ခိုက်နေတယ်လို့ မတ်လ ၂၅ ရက်မှာ သတင်းထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

“ပြည်ခရိုင် ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးရဲစခန်းကို AA နဲ့အတူ ဝင်သိမ်းတုန်းက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လလယ်လောက်ကပါ။ အခု တနှစ်အကြာမှပဲ သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်” လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တပ်မှူး မောင်ဆောင်းခက ဆိုပါတယ်။

BPLA က အညာစစ်ဒေသက ရဲဘော်တွေအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်မှာ ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားမှာ ပန်းတောင်းနယ်မြေစစ်ဆင်ရေးနဲ့ ကပစ (၁၆) အနီး တိုက်ပွဲတွေအတွင်း AA နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ BPLA အညာစစ်ဒေသ အမှတ် (၃၀၈) ဗျူဟာက ရဲဘော်တွေကို ဂုဏ်ပြုခဲ့ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ ရဲဘော်တွေကို သူရဲကောင်းဆု ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေကိုလည်း အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ပြီး မိသားစုဝင်တွေထံ ဂုဏ်ပြုမှတ်တမ်းနဲ့ ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရက္ခိုင်ပြည်နဲ့ ပဲခူးတိုင်း နယ်စပ် ပန်းတောင်းမြို့က ၆၆၆ ပွိုင့်ကုန်းကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်မှာ သိမ်းယူခဲ့ပြီး အဲ့ဒီ တိုက်ပွဲမှာ BPLA မြေလတ်စစ်ဒေသ အမှတ်(၂၀၃) ဗျူဟာ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ BPLA က ထုတ်ပြန်ထားပါတယ်။

BPLAဟာ ရှမ်းပြည်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးမှာလည်း ပါဝင်တိုက်ခိုက်ခဲ့သလို ကရင်ပြည်ထဲက တိုက်ပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ တောင်ပိုင်းစစ်ဒေသ၊ မြေလတ်စစ်ဒေသနဲ့ အညာစစ်ဒေသဆိုပြီး စစ်ဒေသ (၃) ခု ဖွဲ့စည်းတည်ဆောက်ထားပြီး မဟာမိတ်တပ်တွေနဲ့အတူ စစ်ကော်မရှင်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ကပစ (၁၆) အနီးမှာရှိတဲ့ မသုန်၊ ပန်းကန်ကွဲနဲ့ ညောင်ကျိုးကျေးရွာ ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

Related posts

ကပစ ၁၆ အထိ AA ထိုးစစ် ရောက်ရှိလာနေ

Rakhita Times

AA တပ်ဖွဲ့ဝင် ၂၀ အပါ ၃၂ ဦး အလင်းဝင်တယ်လို့ ရွေးတုအစိုးရ ဝါဒဖြန့်

Rakhita Times

မရဏ နာရီ (ပထမပိုင်း) 

Rakhita Times

3 comments

HenryJip စက်တင်ဘာ 8, 2026 at 10:33 မနက်

Помощь можно получить анонимно, с аккуратным оформлением и внимательным отношением к личным данным.
Ознакомиться с деталями – https://4.narkologicheskaya-klinika-moskva11.ru/

Reply
Dennistek စက်တင်ဘာ 16, 2026 at 7:09 မနက်

Схема помощи зависит от состояния, стажа употребления, противопоказаний и дальнейших целей лечения.
Изучить вопрос подробнее – https://nadomu1.kapelnica-ot-zapoya-v-moskve14-1.ru

Reply
JohnnyFiemo စက်တင်ဘာ 17, 2026 at 11:55 ညနေ

Ниже представлен перечень основных направлений, используемых в современной наркологической помощи. Этот список отражает комплексный подход к лечению зависимостей.
Исследовать вопрос подробнее – https://narkologicheskaya-pomoshh-perm0.ru/narkologiya-perm-anonimno

Reply

Leave a Comment