NewsPolitic

အတုအယောင်လွှတ်တော်က စစ်အာဏာရှင်အလိုကျပဲဖြစ်နေမှာ

အာရက္ခတိုင်းမ်စ် (၂၆ မတ် ၂၀၂၅)

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲပြီးနောက် လွှတ်တော် ၃ ရပ်လုံးရဲ့ ဖွဲ့စည်းမှုကို ရွေးချယ်ခဲ့ရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိးရေးပါတီ (USDP) က လူပုဂ္ဂိုလ်တွေသာ တကယ့်နေရာတွေကို ယူထားကြတာတွေ့ရပါတယ်။

ဒါကြောင့် အဲဒီလွှတ်တော်တွေဟာ ပြည်သူတွေကို ကိုယ်စားမပြုဘဲ စစ်အာဏာရှင်ဘက်ကိုပဲ အလေးသာပြီး သူ့အလိုကျပဲဖြစ်နေမှာလို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“စစ်တပ်နဲ့ စစ်တပ်အလိုကျဖြစ်လာတဲ့လွှတ်တော်နဲ့ အတုအယောင်လွှတ်တော်နဲ့  အတုအယောင်အစိုးရပဲ ဖြစ်လာမှာပဲလေ။ တနည်းအားဖြင့်ပြောရင် စစ်အာဏာရှင်ဘက်ကို အလေးသာပြီးတော့ သူတို့အလိုကျပဲ ဖြစ်နေမှာပါ။ ဒါပေမယ့် ပြည်သူတွေကို ကိုယ်စားပြုတယ်လို့ပြောတယ်ဆိုရင် အလိမ်အညာဖြစ်ပါလိမ့်မယ်” လို့ သူက ပြောပါတယ်။

စစ်ကော်မရှင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ရက္ခိုင်ပြည်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုမှာသာ ကျင်းပနိုင်ခဲ့တာဖြစ်ပြီး ကျန်မြို့နယ် ၁၄ ခုမှာ ပြည်နယ်အမတ်တွေကို PR စနစ်နဲ့ ရွေးချယ်တင်မြှောက်ထားတာ ဖြစ်တယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ခဲ့ပါတယ်။

ရက္ခိုင်ပြည်မှာတော့ လွှတ်တော်အမတ်တွေကို စစ်တွေမှာ ကမ့်ပုံစံမျိုးနဲ့ ထားထားပြီး လွှတ်တော်ကို တက်ရောက်စေတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်မှာ အာရက္ခတပ်တော်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူမြို့နဲ့ မာန်အောင်မြို့နယ်တို့လောက်ပဲ ထိန်းချုပ်ထားနိုင်တော့တာဖြစ်ပေမယ့် စစ်ပွဲများကြောင့် ရက္ခိုင်အပါအဝင် တနိုင်ငံလုံး ပြန်လည်ထူထောင်ရေးလုပ်ဖို့က အများကြီး လိုအပ်နေသေးတာပါ။

ပြန်လည်ထူထောင်ရေးလုပ်ဖို့ မလွယ်ကူပေမယ့်လည်း မလုပ်ဘဲနေလို့မရကြောင်း တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကျနော်တို့နိုင်ငံကတော့ နှစ်ပေါင်း ၇၀ ကျော်လောက် လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ် ဖြစ်နေတယ်။ ရက္ခိုင်ကတော့ လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်မှ ဒီတိုက်ပွဲတွေကို စကြုံရတယ်။ အခု ကျနော်တို့နိုင်ငံဆိုရင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက တပြည်လုံး၊ တနိုင်ငံလုံး တိုက်ပွဲတွေနဲ့ ဖြစ်နေတယ်။ ဒီဟာတွေ ကုစားဖို့ လွယ်သလားဆိုတော့ လွယ်တော့မလွယ်ဘူး။ မလွယ်လို့ မလုပ်ဘဲနဲ့တော့ နေလို့မရဘူး။ ကျနော်တို့ အသေအချာတော့ ဒီအခက်အခဲတွေကြားထဲက ရှင်သန်ထမြောက်ဖို့အတွက်တော့ အကုန်လုံးပြန်ပြီးတော့ ရုန်းထွက်ကြရမယ်။ တနည်းအားဖြင့်ပြောရင် ကျနော်တို့ဟာ ဒီ မီးအစိုင်အခဲကနေပြီးတော့ ပြန်လည်ရှင်သန်ထမြောက်ဖို့ အတွက်ကတော့ ကြိုးစားရဦးမယ်လို့ ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ရက္ခိုင်ပြည်လွှတ်တော်ကို မတ် ၂၀ ရက်မှာစတင်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီက အနိုင်ရ လွှတ်တော်အမတ် ၂ ယောက်ဟာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌအဖြစ် တင်မြောက်ခံလိုက်ရပါတယ်။

ရက္ခိုင်ပြည်လွှတ်တော် ပထမနေ့ အစည်းအဝေးမှာ ကြံ့ခိုင်ရေးပါတီက စစ်တွေမြို့နယ် အမှတ် ၂ ပြည်နယ်မဲဆန္ဒနယ်က ဒေါက်တာစန်းရွှေက လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပြီး PR စနစ်နဲ့ မြေပုံမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်က တက်လာတဲ့ ဒေါက်တာထင်လင်းဦးက ဒုဥက္ကဋ္ဌ ဖြစ်လာတာပါ။

လွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ် ဒေါက်တာစန်းရွှေ တယောက်တည်းသာ ပြိုင်ဘက်မရှိ အမည်တင်သွင်းခဲ့တာလို့ သိရပြီး သူ့ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပထမနေ့ကျင်းပတဲ့ ရက္ခိုင်ပြည်လွှတ်တော်ကို အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၂၁ ယောက်၊ စစ်တပ်ဘက်က လွှတ်တော်ကိုယ်စားလှယ် ၇ ယောက်၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၂၈ ယောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်လွှတ်တော်ရဲ့ သဘာပတိအဖြစ် စစ်တွေမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်က အနိုင်ရ လွှတ်တော်အမတ် ဦးနိုင်ဦးကို တင်မြှောက်လိုက်တယ်လို့လည်း သိရပါတယ်။

Related posts

AA က ကပစ ၁၆ ကို လက်နက်ကြီးနဲ့ပစ်၊ အဆောက်အဦးတချို့ ပျက်စီး

Rakhita Times

မူးယစ်ဆေးနဲ့ ပတ်သက်ပြီး AA ကို စွပ်စွဲတာဟာ စစ်ကောင်စီရဲ့ မရိုးနိုင်တဲ့ ဗျူဟာလို့ ဦးခိုင်သုခ တုန့်ပြန်

Rakhita Times

ပလက်ဝတွင် ၇၈ ကြိမ်မြောက် “ချင်းအမျိုးသားနေ့” ကျင်းပပြုလုပ်၊ ULA/AA တာဝန်ရှိသူတွေ တက်ရောက် ဂုဏ်ပြု

Rakhita Times

2 comments

JosephDycle စက်တင်ဘာ 10, 2026 at 6:16 ညနေ

Врач учитывает симптомы, риски, анамнез и семейную ситуацию, чтобы предложить подходящую программу.
Изучить вопрос подробнее – https://7.vyvod-iz-zapoya-krasnoyarsk55.ru/

Reply
HenryJip စက်တင်ဘာ 11, 2026 at 1:20 ညနေ

Лечение в наркологии может состоять из нескольких последовательных направлений. Одному человеку требуется вывод из запоя и последующая терапия алкоголизма, другому — лечение наркомании с длительной реабилитацией, третьему — консультация психиатра или психотерапевта. В каждом случае задача специалистов заключается в том, чтобы подобрать медицинское решение с учетом диагноза, состояния здоровья, опыта предыдущего лечения и целей самого зависимого.
Подробнее – клиника наркологии москва

Reply

Leave a Comment