စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)
အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း ၂၈) *** ဌေးဝင်း *** ဆရာကြီးဆုံးပြီး နောက်တရက်မှာ ကြောင်ဒေါင်း (ခ) ကျော်သောင်းဆိုတဲ့ လူမိုက်တယောက်က “ဘာဖြစ်လဲ ဒီဆရာကြီး။ ဒီဆရာကြီး သေသွားလို့ ဘာဖြစ်လဲ။ ငါတို့အတွက် ဒီဆရာကြီးက ဘာကောင်းကျိုး ရှိလို့လဲ။ အဲဒီဆရာကြီး ထောင်ထဲဝင်လာတုန်းကလည်း ငါတို့အတွက်...
