အာရက္ခအချစ်နဲ့ စစ်ကို လွင့်မျောခံစားမိခြင်း
ရင်ငြိမ်းမြို့ ချစ်သော စောပြည့်ညို…အချစ်ဆိုတာ ဘာတဲ့လဲ….။ လမိုက်ည ကောင်းကင်ယံမှာ မြောက်အရပ်ကို ညွှန်ပြနေတတ်တဲ့ ဓူဝံကြယ်လား။ စကြဝဠာရဲ့ အလင်းနှစ် သီအိုရီမှာ ကိုယ်တို့ မြင်နေရတဲ့ ကြယ်တွေရဲ့အလင်းရောင်က အစစ်အမှန် မဟုတ်ဘူးတဲ့။ လွန်ခဲ့တဲ့ အလင်းနှစ်သန်းပေါင်းများစွာက ကြယ်တွေရဲ့ အလင်းရောင်ကို ကိုယ်တို့ မြင်နေကြရတာတဲ့လေ။ အချစ်ဆိုတာ ကြယ်တွေကို...
