စကမဟာ အပြောပဲရှိတဲ့အတွက် ပြဿနာက ဘယ်တော့မှ ဖြေရှင်းနိုင်မှာမဟုတ်
အာရက္ခတိုင်းမ်စ် (၁၇ မတ် ၂၀၂၆) စစ်ကော်မရှင်ဟာ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေး၊ တွေ့ဆုံ ဆွေးနွေးရေးတွေဟာ အပြောပဲရှိပြီး လက်တွေ့လုပ်ပြတာမရှိတဲ့အတွက် တိုင်းပြည်ပြဿနာကို ဘယ်တော့မှ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ တိုင်းရင်းသားနိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “ပြောရမယ်ဆိုရင် ဒီအာဏာသိမ်းစစ်တပ်က အပြောကတော့ ကောင်းတာပေါ့။ ဒါပေမယ့် လက်တွေ့လုပ်တဲ့နေရာမှာ...
