နတ်ရေကန်ကို တမင်မသိမ်းပဲ စစ်သားတွေကို အမှည့်ချွေနေတာလို့ နိုင်ငံရေးလေ့လာသူတွေ သုံးသပ်
အာရက္ခတိုင်းမ်စ် (၁၉ မတ် ၂၀၂၆) မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့က တမင်မသိမ်းပဲ စစ်ကော်မရှင်ရဲ့ တပ်သားတွေကိုသာ အမှည့်ချွေ ချွေနေတာလို့ စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ “ သိမ်းမယ်ဆို သိမ်လို့ရနေပြီလေ။ နတ်ရေကန်နားမှာရှိတဲ့ ကာကင်းတွေအကုန်လုံးကို AA တို့က သိမ်းလိုက်ပြီးပြီ။...
