NewsPolitic

စစ်တွေက ရဲတပ်သား ၂၀၀ ကျော်ကို စကမ ပြောင်းရွှေ့

အာရက္ခတိုင်းမ်စ် (၁၇ မတ် ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေမြို့ထဲက ရဲတပ်သား ၂၀၀ ကျော်ကို စစ်ကော်မရှင်က ယခု မတ်လအတွင်းမှာ ပြောင်းရွှေ့ပေးထားတယ်လို့ စစ်တွေမြို့က ရဲတပ်သားမိသားစုနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

အဲဒီ ရဲတပ်သားတွေဟာ ပြောင်းရွှေ့မိန့် တင်ထားတာ ကြာမြင့်နေပြီဖြစ်ပြီး ယခုမှသာ ပြောင်းရွှေ့မိန့် ကျလာတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ရဲတပ်သားတွေ ပြောင်းရွှေ့လျှောက်ထားရတာဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဖြစ်နိုင်တယ်လို့ စစ်တွေဒေသခံတွေက သုံးသပ်ကြပါတယ်။

လက်ရှိ ပြောင်းရွှေ့ပေးလိုက်တဲ့ ရဲတပ်သားနေရာမှာ ပြန်လည်ဝင်ရောက်လာတဲ့ ရဲတပ်သားတွေဟာဆိုရင်လည်း အသယ်ရွယ်အားဖြင့် ငယ်ရွယ်တဲ့အပိုင်းမှာရှိပြီး ရုပ်ရည်သန့်ပြန့်ကြတယ်လို့ စစ်တွေဒေသခံတယောက်က အာရက္ခတိုင်းကို ပြောပါတယ်။

“ဒီတသုတ် ပြောင်းသွားတာ ၂၀၀ ကျော်တယ်လို့ ပြောတယ် ရဲတွေလေ။ အပြောင်း သူတို့ အပြောင်းအရွှေ့လုပ်တာ။ အရင် ကြာနေပြီဆိုတဲ့ဟာတွေပေါ့။ အပြောင်းအရွှေ့ တင်ထားတဲ့ဟာတွေပေါ့။ အကုန်လုံး တပ်ရင်းတွေ ၂၀၀ ကျော်တယ်လို့ ပြောတယ်။ အသစ်တွေကတော့ ဘယ်နှစ်နှစ်အောက်တွေတော့ မပါဘူးပေါ့။ ဘယ်နှစ်နှစ်အထက်တွေပဲ အဲဒီလိုမျိုး ပြောင်းရွှေ့လိုက်တာ” လို့ ပြောပါတယ်။

စစ်ကော်မရှင်ဟာ လက်ရှိမှာ ရက္ခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက စစ်သုံ့ပန်းတွေ ထားတဲ့နေရာတွေကို ဦးတည်ပြီး လေကြောင်းကနေ ဗုံးကြဲတဲ့ဖြစ်စဉ်တွေ မကြာခဏ လုပ်ဆောင်နေပြီး စစ်သုံ့ပန်းနဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေ ရာနဲ့ချီပြီး သေဆုံးခဲ့ကြပါတယ်။

လက်ရှိမှာ စစ်တွေမြို့ဟာ စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ လက်အောက်မှာ ရှိနေပြီး အာရက္ခတပ်တော်က သိမ်းပိုက်ဖို့ ကြိုးစားနေတာကြောင့် စစ်တွေမှာ ရှိတဲ့ ရဲတပ်သားတွေဟာ စစ်သုံ့ပန်းတွေလိုမျိုး သေဆုံးကြရမှာကို မလိုလားတာကြောင့် စစ်တွေကနေ ပြောင်းရွှေ့လျှောက်ကြတယ်လို့ သုံးသပ်ကြပါတယ်။

တချို့သော ဝန်ထမ်းပိုင်းတွေမှာလည်း ပြောင်းရွှေ့မိန့်တွေ လျှောက်ထားကြတာရှိသလို လစာမဲ့အနေနဲ့ ခွင့်ယူပြီး စစ်တွေကနေ ထွက်ခွာနေကြတာတွေ ရှိတယ်လို့လည်း စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ပြန်သွားကြတာတွေ ရှိတယ် ဝန်ထမ်းတွေ ရန်ကုန်ကို။ အလုပ်ကို မထွက်ကြဘဲနဲ့ လစာမယူဘဲနဲ့ ခွင့်အနေနဲ့ ပြန်နေကြတာ ဘယ်နှလ အဲဒီလိုပေါ့။ အခု ကျောင်းပိတ်တဲ့ကာလဆိုတော့ ကျောင်းဆရာ၊ ဆရာမတွေကတော့ ကျောင်းဖွင့်မှ ပြန်လာကြမှာလား ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးနဲ့ ပြန်ကြတာလဲတော့ မသိဘူး။ တခြား ဝန်ထမ်းပိုင်းဆိုင်ရာတွေကတော့ ခွင့်မဲ့လို့တော့ ပြောသံကြားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ မောင်တောမြို့က စစ်သုံ့ပန်းထားရှိတဲ့ နယ်ခြားစောင့်တပ်စခန်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် စစ်သုံ့ပန်း ၆၀ ကျော် သေဆုံးခဲ့သလို ပေါက်တောမြို့နယ်ကို ဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်း ၁၇ ဦးသေဆုံး ၁၀ ဦးထက်မနည်း ထိခိုက်ခဲ့ပါတယ်။

အလားတူ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ မြောက်ဦးကို ဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၆ ဇန်နဝါရီ ၂၀ ရက်မှာ ကျောက်တော်မြို့နယ်၊ ချောင်းတူစစ်သုံ့ပန်းစခန်းကို ဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်း ၂၁ ဦးသေဆုံးပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

အဲဒါအပြင် ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာလည်း နံနက် ၁၁ နာရီ ၂ မိနစ်ကစပြီး မွန်းလွဲ ၂ နာရီ ၂၈ မိနစ် အချိန်ထိ စစ်ကော်မရှင်တပ်ဟာ ဂျက်ဖိုက်တာ (၄) စီး၊ Y-12 (၄) စီးတို့နဲ့ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါပေမယ့် အာရက္ခတပ်တော်ဟာ တကျော့ပြန်တိုက်ပွဲအတွင်း သိမ်းပိုင်းထိန်းချုပ်ထားနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေကို ပြန်လည်လွှတ်ပေးလေ့ရှိနေပြီး မြို့နယ်အသီးသီးမှာ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးနေတာဆိုရင် လက်ရှိအချိန်ထိ ၂ ထောင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

Related posts

KTV ဖွင့်ဖို့ ကြိုးပမ်းတဲ့ ဗကသ ဥက္ကဋ္ဌ ပြန်တောင်းပန်

Rakhita Times

စကမရဲ့လက်နက်ကြီးကြောင့် ကျောက်ဖြူဒေသခံ လင်မယားနှစ်ဦး ပွဲချင်းပြီးသေဆုံး

Rakhita Times

NUG က ဖွဲ့စည်းလိုက်တဲ့ SCEF မှာ AA မပါတာ ဘာကြောင့်လဲ

Rakhita Times

4 comments

KennethLoory စက်တင်ဘာ 6, 2026 at 6:42 ညနေ

Если человек пьет несколько лет, кодирование обычно рассматривается в комплексе с другими лечебными мероприятиями. Даже самый современный метод не устраняет автоматически психологические причины алкоголизма, привычки и внутреннего стремления вернуться к спиртному. Поэтому лечение зависимости нередко продолжают с психологом или психотерапевтом, а родственникам объясняют, как правильно оказывать поддержку близкому без давления и конфликтов.
Дополнительная информация – медицинский центр кодирование от алкоголизма

Reply
KennethLoory စက်တင်ဘာ 6, 2026 at 6:58 ညနေ

Кодирование проводится при сформированной зависимости от спиртного, когда человек самостоятельно не может контролировать количество напитков, регулярно возвращается к употреблению или сталкивается с повторными запоями. Нарколог учитывает клинический анамнез, наличие абстинентного синдрома, выраженность патологической тяги, состояние печени, сердца, нервной системы и головного мозга. Большое значение имеет добровольное согласие: кодирование алкоголизма выполняется только тогда, когда больной понимает смысл вмешательства, хочет бросить пить и готов соблюдать рекомендации врача.
Узнать больше – https://kodirovanie-ot-alkogolizma-pushkino4.ru/

Reply
Vernonzer စက်တင်ဘာ 8, 2026 at 7:31 ညနေ

Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Изучить вопрос подробнее – https://2.vyvod-iz-zapoya-krasnoyarsk55.ru/

Reply
HenryJip စက်တင်ဘာ 9, 2026 at 9:48 ညနေ

Быстро собираем первичную информацию, оцениваем риски и предлагаем подходящий вариант обращения.
Узнать больше – https://4.narkologicheskaya-klinika-moskva11.ru/

Reply

Leave a Comment