NewsPolitic

နတ်ရေကန်ကို တမင်မသိမ်းပဲ စစ်သားတွေကို အမှည့်ချွေနေတာလို့ နိုင်ငံရေးလေ့လာသူတွေ သုံးသပ်

အာရက္ခတိုင်းမ်စ် (၁၉ မတ် ၂၀၂၆)

မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့က တမင်မသိမ်းပဲ စစ်ကော်မရှင်ရဲ့ တပ်သားတွေကိုသာ အမှည့်ချွေ ချွေနေတာလို့ စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

“သိမ်းမယ်ဆို သိမ်လို့ရနေပြီလေ။ နတ်ရေကန်နားမှာရှိတဲ့ ကာကင်းတွေအကုန်လုံးကို AA တို့က သိမ်းလိုက်ပြီးပြီ။ စစ်ကူပို့တဲ့ စစ်သားတွေကို ကြားဖြတ်တိုက်လိုက်၊ ခြုံခိုတိုက်လိုက်နဲ့ အင်းအားချိလာအောင်၊ စိတ်ဓာတ်တွေကျလာအောင် လုပ်နေတာလို့ပဲ မြင်တယ်” လို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ နတ်ရေကန်ဗျူဟာကုန်း နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ မတ်လဆန်းကတည်းက သိမ်းပိုက်ထားပါတယ်။

အဆိုပါ ကာကင်းကို သိမ်းပိုက်ခံလိုက်ရတာကြောင့် စစ်ကော်မရှင်ဟာ စစ်ကူနဲ့ လက်နက်ခဲယမ်းတွေကို ပဇီရွာ နဲ့ ဂုတ်ကြီးရွာဘက်ကနေ နတ်ရေကန်ဗျူဟာကုန်းကို ပို့ဆောင်နိုင်ရန် စစ်ကြောင်းတွေ အတင်းဝင်တိုးနေတာလည်း ဖြစ်ပါတယ်။

“နတ်ရေကန်ကို သိမ်းလိုက်ရင် သိမ်းလိုက်တယ်ဆိုတဲ့ နာမည်ပဲရမှာ။ ဗျူဟာကုန်းရဲ့ အနေအထားက လေကြောင်းကနေ တိုက်ခိုက်ဖို့က ပစ်ကွင်းရှင်းတယ်။ အသိမ်းခံလိုက်ရရင် ဒီထပ်ကို လေကြောင်းကနေ ဗုံးလာကြဲမှာ သေချာတယ်။ အခုတောင် တရက်ကို Y 12 က အနည်းဆုံး ၅ ခါလောက် လာတာလေ။ အဲဒီတော့ မသိမ်းပဲနဲ့ ဒီကောင်တွေ (စစ်ကော်မရှင်) ကို အေးအေးဆေးဆေး အမှည့်ချွေနေတာလို့ပဲ မြင်တယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

ရက္ခိုင် – မကွေးအစပ်ရှိ အမ်း – ပဒါန်းလမ်းပိုင်းက မထုံး၊ လင်းတဲ၊ စွန်တက် ၊ ဂုတ်စည်း ၊ ကံမြင့်ကန်၊ ဂုတ်ကြီး၊ ကြက်ရေစမ်း၊ ပိန်ရေစမ်းနဲ့ ပဇီကျေးရွာတွေကိုလည်း အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

နတ်ရေကန်ဗျူဟာကုန်းဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ တည်ရှိပြီး ရက္ခိုင်၊ မကွေးနဲ့ ပဲခူးအတွက် စစ်ရေးအရ အချက်အချာကျတဲ့ စစ်ကော်မရှင်ရဲ့ အမာခံစခန်းကြီး တခုလည်း ဖြစ်ပါတယ်။

Related posts

စစ်တွေမှာ သံပုရာသီးတလုံးကို ၂၅၀၀ ကျပ် ပေးဝယ်နေရ

Rakhita Times

AA က မြစ်ဝကျွန်းပေါ်မှာ နယ်မြေစိုးမိုးမှုလုပ်ပြီး နေပြည်တော်ကို ချီတက်မယ်

Rakhita Times

စစ်တွေမှာ ထင်းတွေ ပိုရှားလာပြီး ဈေးကြီးနေ

Rakhita Times

2 comments

JacobIromi စက်တင်ဘာ 4, 2026 at 5:40 ညနေ

Клиника начинает лечение с обследования. Врач собирает анамнез, выясняет длительность употребления, характер зависимости и сопутствующие заболевания. Клинические данные позволяют определить состояние нервной системы, психики и внутренних органов. При необходимости проводится дополнительная диагностика, а результаты используются при выборе терапии.
Изучить вопрос подробнее – наркологическая клиника вывод из запоя Красноярск

Reply
Vernonzer စက်တင်ဘာ 9, 2026 at 8:37 ညနေ

Помощь можно получить анонимно, с аккуратным оформлением и внимательным отношением к личным данным.
Получить больше информации – нарколог вывод из запоя

Reply

Leave a Comment