NewsPolitic

CNF ရဲ့ စစ်မှုထမ်းဥပဒေစနစ်ကြောင့် ချင်းလူထုတွေ တိမ်းရှောင်နေရ

အာရက္ခတိုင်းမ်စ် (၁၈ မတ် ၂၀၂၆)

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ရဲ့ စစ်မှုထမ်း ဥပဒေစနစ်ကြောင့် ချင်းလူထုတွေ တိမ်းရှောင်နေရကြတယ်လို့ ချင်းပြည်နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ချင်းပြည်နယ်၊ နယ်မြေစိုးမိုးရေးအတွက် အင်အားဖြည့်ဖို့အတွက် စစ်မှုမထမ်းမနေရ ဥပဒေကို စတင် အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ဆော်လမွန်က မတ်လ ၁၂ ရက်မှာ ပြောဆိုခဲ့တာပါ။

CNF အနေနဲ့ စစ်ရေးအရ လူအင်အားလိုအပ်ချက်တွေ ရှိလာတာကြောင့် အခုလို လုပ်ဆောင် လာတာဖြစ်ပြီး အတင်းအကြပ် လုပ်ဆောင်လာတဲ့ ပုံစံမျိုး တွေ့နေရတယ်လို့ ချင်းပြည်နယ်ဒေသခံ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“လူထုက တိမ်းရှောင်နေရတာ။ တရွာလုံး တိမ်းရှောင်နေရတဲ့ ရွာတွေလည်း ရှိတယ်။ သူတို့က ဘယ်ရွာမှာ ဘယ်နှစ်ယောက်၊ ဘယ်နှစ်ရက်မတိုင်မီ စာရင်းပို့ပါ၊ နာမည်ပို့ပါ စသဖြင့်ပေါ့နော် အမိန့်နဲ့။ သေနတ်နဲ့ချိန်ပြီး‌တော့ အမိန့်ပေးထားတော့ တရွာလုံး တိမ်းရှောင်နေကြရပြီလေ။ တီးတိန်နယ်ထဲကပေါ့ နည်းနည်း သူတို့ လက်လှမ်းမီနိုင်တဲ့ရွာတွေပေါ့။ ၄၊ ၅ ရွာလောက် ရှိပါတယ်။ ထွက်ပြေးနေရတာ။ တွန်းဇံမြို့ကလည်း သူတို့ သိမ်းထားတာဆိုတော့လေ။  မြို့ပေါ်မှာလည်း ဘယ်လိုမှ မနေရဲ တော့ဘူးလေ။ ဘယ်လိုမှ ရှောင်တိမ်းလို့ မရတဲ့လူတွေ၊ မရှောင်တိမ်းနိုင်တဲ့လူတွေပဲ ကျန်ခဲ့တာ။ အများစုက ထွက်ပြေးနေရပြီ အခုက” လို့ သူက ပြောပါတယ်။

ချင်းလူငယ်တွေအနေနဲ့  စစ်မှုထမ်းကာလမှာ အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ချင်းပြည်နယ်ရှိ သိမ်းပိုက်ရရှိထားတဲ့ နေရာတွေ ပြန်လည်ဆုံးရှုံးမှု မရှိစေဖို့ နယ်မြေစိုးမိုးရေးအတွက် အင်အားဖြည့်တာဖြစ်ကြောင်း သိရပါတယ်။

အခု စစ်မှုထမ်းစနစ်ဟာ CNF တပ်ဖွဲ့တခုတည်းရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘဲ ချင်းပြည်နယ်အစိုးရ CC များ ပါဝင်တဲ့ ချင်းတော်လှန်ရေးအဖွဲ့အစည်းပေါင်း ၂၀ ကျော်ရဲ့ သဘောတူညီချက်တွေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒါဟာ လတ်တလော စစ်ရေးလိုအပ်ချက်ကြောင့် ဖြစ်ပြီး ချင်းလူငယ်တိုင်းမှာ တာဝန်ရှိတယ်လို့ CNF/CNA ခေါင်းဆောင် ဗိုလ်မှူးကြီးဆော်လမွန်က ပြောခဲ့တာပါ။

စစ်မှုမထမ်းမနေရ အစီစဉ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လကုန်ပိုင်းက စတင်ကာ ချင်းပြည်နယ် မြောက်ပိုင်း ထန်တလန်မြို့နယ်အတွင်းရှိ ကျေးရွာတွေကနေ စတင် အကောင်ထည်ဖော်နေကြောင်း သိရပါတယ်။

စစ်မှုမထမ်းဘဲ ထွက်ပြေးတိမ်းရှောင်ပါက ရာသက်ပန် အကြွေးတင်သူတွေအဖြစ် သတ်မှတ်ပြီး နောင်တစ်ချိန်မှာ ခွဲခြားဆက်ဆံမှုနဲ့ အရှက်ရစေမယ့် အစီမံတွေ ပြုလုပ်သွားမှာဖြစ်ပြီးတိုင်းပြည် ပြန်လည် ငြိမ်သက်လာချိန်မှာ ဘယ်အလုပ်အကိုင်မှ ပေးအပ်မှာ မဟုတ်တာကြောင့် စစ်မှုထမ်းကြဖို့ သတိပေး တိုက်တွန်းထားတာပါ။

လက်ရှိတွင် စစ်ကော်မရှင်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ချင်းလက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုတွေ ငြိမ်သက်နေတယ်လို့ ချင်းပြည်နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“လောလောဆယ်တော့ ငြိမ်နေပါတယ်။ တပ်ဘက်က နည်းနည်းထိုးစစ်တွေ ဆင်လာတော့လေ။ အချင်းချင်း ချတဲ့ဟာတွေတော့ နည်းနည်း လျော့သွားတယ်” လို့ သူက ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF ကို ချင်းပြည်နယ်လွတ်မြောက်ရေးအတွက် ၁၉၈၈ ခုနှစ် မတ်လမှာ စတင်ဖွဲ့ စည်းခဲ့ပြီး လက်ရှိမှာ ချင်းပြည်နယ်၊ မြောက်ပိုင်း ထန်တလန်၊ ဟားခါး၊ တွန်းဇံ စတဲ့ မြို့နယ်တွေမှာ လှုပ်ရှားလျက်ရှိပြီး ချင်းညီနောင်တပ်ဖွဲ့ (CB) ဟာ ချင်းပြည်နယ်၊ တောင်ပိုင်းရှိ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ ကျင်ဒွေး၊ ဖလမ်းစတဲ့ ဒေသတွေကို ထိန်းချုပ်ထားတာပါ။

Related posts

၁၆ ကြိမ်မြောက် ခမီအမျိုးသားနေ့အတွက် ဒိုင်းနက် (Chakma) လူမျိုးစုက ဂုဏ်ပြုသဝဏ်လွှာပေးပို့

Rakhita Times

မီဇိုယာဥ်မောင်း သေဆုံးလို့ အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့မည်

Rakhita Times

တောင်ကုတ်ဒေသခံတွေကို AA နယ်ဆင်း ဆေးကုသပေးပြီး ခြင်ထောင်ဝေပေး

Rakhita Times

4 comments

tran-topp-2.mdwrite.net ဧပြီ 14, 2026 at 10:21 မနက်

References:

Echtgeld Casino PayPal Einzahlung

References:
https://may22.ru/user/noiseprice52/

Reply
notes.io ဧပြီ 15, 2026 at 8:19 ညနေ

References:

Blackjack flash

References:
https://www.demilked.com/author/botanylift26/

Reply
undrtone.com ဧပြီ 16, 2026 at 12:03 မနက်

References:

Trenbolone enanthate buy

References:
https://dreevoo.com/profile.php?pid=1490428

Reply
onlinevetjobs.com ဧပြီ 16, 2026 at 10:26 မနက်

References:

Hard rock casino tampa florida

References:
https://breum-rouse-2.mdwrite.net/novoline-echtgeld-spielen-im-online-casino

Reply

Leave a Comment