စကမ အရာရှိတွေက AA ဆီ စစ်ရှုံးတာ အောက်လမ်းပညာသုံးလို့ဆိုပြီး လက်အောက်ငယ်သားတွေကိုပြော
အာရက္ခတိုင်းမ်စ် (၁၄ မတ် ၂၀၂၆) စစ်ကော်မရှင်ရဲ့ အရာရှိတွေဟာ အာရက္ခတပ်တော်ဆီမှာ စစ်ရှုံးတာက AA ဟာ အောက်လမ်းပညာတွေသုံးလို့ဆိုပြီး သူတို့ရဲ့ လက်အောက်ငယ်သားတွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဗိုလ်ကြီးတွေ ပြောပုံအရတော့ AA က အောက်လမ်းနဲ့ လုပ်တာလို့ ပြောတာပဲ။ စစ်တပ်ဘက်က ဂုဏ်တော်ကိုးပါးတွေ...
