စစ်ကောင်စီကို သက်ဆိုးရှည်စေသည့် ထောက်တိုင်တွေက ဘာတွေလဲ
မကြာခင်အချိန်တွင် စစ်အာဏာသိမ်းမှု (၄) နှစ်ပြည့်တော့မှာ ဖြစ်ပါသည်။ အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာသည့် နွေဦးတော်လှန်ရေးသည်လည်း (၄) နှစ်ပြည့်တော့မှာ ဖြစ်ပါသည်။ စစ်အာဏာသိမ်းမှု အစပိုင်းတွင် လူထုဆန္ဒပြ လှုပ်ရှားမှု အားကောင်းခဲ့သော်လည်း အခုချိန်တွင် မှေးမှိန်လာပြီး လူတချို့သည်လည်း လက်နက်ကိုင် လမ်းစဉ်များကို ရွေးချယ်ပြီး စစ်အာဏာရှင်ကို တော်လှန်နေကြသည်။ မြန်မာနိုင်ငံက...
