မအလက သူ့အန္တရာယ်မရှိသေးသရွေ့ EAO တွေကို လျစ်လျူရှုထားမယ်
အာရက္ခတိုင်းမ်စ် (၁၆ မတ် ၂၀၂၅) စစ်ကောင်စီခေါင်းဆောင်ဟာ သူ့ရဲ့ အသက်အန္တရာယ်နဲ့ ရာထူးတို့အပေါ်မှာ အန္တရာယ်မရှိသေးသရွေ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို လျစ်လျူရှုထားဦးမှာဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ သူ့အနေနဲ့ လုံးဝ ထွက်ပေါက်ပိတ်သွားတဲ့အခါမျိုးဆိုရင်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စကားပြောလာနိုင်သလို သူအားကိုးတဲ့ နိုင်ငံတွေကိုလည်း စေ့စပ်ညှိနှိုင်းပေးဖို့ ပူဆာလာနိုင်တယ်လို့...
