Month : ဖေ‌ဖော်ဝါရီ 2026

NewsPolitic

ပလက်ဝတွင် ၇၈ ကြိမ်မြောက် “ ချင်းအမျိုးသားနေ့”  ကျင်းပပြုလုပ်၊ ULA/AA တာဝန်ရှိသူတွေ တက်ရောက် ဂုဏ်ပြု

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၆) ပလက်ဝခရိုင်အတွင်းရှိ ချင်းလူမျိုးတွေရဲ့ (၇၈) ကြိမ်မြောက် “ ချင်းအမျိုးသားနေ့”  အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက် ညနေပိုင်းက အာရက္ခတပ်တော် ထိန်းချုပ်​နယ်မြေတနေရာမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ (၇၈) ကြိမ်မြောက် “ ချင်းအမျိုးသားနေ့”  အခမ်းအနားတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဂုဏ်ပြုသဝဏ်လွှာပေးပို့ပြီး ဖတ်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနားကို ချင်းလူမျိုးတွေ၊ ချင်းမျိုးနွယ်စု​ဝင်တွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ၊ ခရိုင်ပါတီက အကြီးအကဲတွေနဲ့ ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ အာရက္ခတပ်တော်က ပေးပို့တဲ့ သဝဏ်လွှာမှာ ချင်းလူမျိုး၊ ချင်းမျိုးနွယ်စုတွေအနေနဲ့ အမျိုးသားတန်းတူအခွင့်ရေးနဲ့ အာရက္ခတိုင်းပြည်တည်ဆောက်ရေးနဲ့​ ဒေသဖွံ့ဖြိုးရေးကဏ္ဍတွေမှာ အတူတကွ ပါဝင်တည်ဆောက်ကြဖို့ကိုလည်း ဖော်ပြပါရှိပါတယ်။ Ref & Photo – We Love Paletwa...
NewsPolitic

မောင်တော နဲ့ ဘော်တူလာရွာကြားရှိ တံတားငယ် ၁၀ စင်းကျော်ကို ပြန်လည်ပြုပြင်နေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မောင်တောမြို့နယ် မောင်တောမြို့နဲ့ ဘော်တူလာရွာကြားရှိ တံတားငယ် ၁၀ စင်းကျော်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စည်ပင်သာယာရေးဌာနက ပြန်လည်ပြုပြင်ပေးနေတယ်လို့ သိရပါတယ်။ အလားတူ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ပျက်စီးနေတဲ့ လမ်းများကိုလည်း ပြုပြင်ပေးနေတယ်လို့လည်း သိရပါတယ်။ “ မောင်တောနဲ့ ဘောတူလာရွာအထိဆိုရင် မိုင်အားဖြင့် ၄၀ ကျော်တယ်။ အဲလမ်းမှာ မြစ်လက်တက်တွေကို ဖြတ်ထိုးထားတဲ့ တံတားပေါင်း ၁၀ စင်းကျော် ရှိပါတယ်။ အဲဒါတွေကို ပြန်လည်ပြုပြင်ပေးနေတာ”  လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စည်ပင်သာယာရေးဌာနက ဖေဖော်ဝါရီလဆန်းကစတင်ကာ မောင်တောမြို့နယ် မြောက်ပိုင်းရှိ လမ်းနဲ့ တံတားတွေကို စတင်ပြုပြင်ပေးနေတာလည်း ဖြစ်ပါတယ်။ “ အခုတွေ့နေရတာကတော့ ဖားဝပ်ချောင်းရွာနားက လမ်းမကြီးကို ကတ္တာရာတွေ ပြန်လောင်းပေးနေတယ်။  ပြီးတော့ အောင်ချမ်းသာတံတားကိုတော့ သစ်သားတွေအစား သံပြားတွေနဲ့ အစားထိုး ပြုပြင်နေတာကို တွေ့နေရတယ်”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။ စစ်ရေးအရ ရှုံးနိမ့်သွားတဲ့ စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်က မစွန့်ခွာခင်တွင် တံတားများကို မိုင်းခွဲဖျက်စီးခြင်း၊ မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ခြင်းများ ပြုလုပ်ခဲ့လို့ ပျက်စီးနေတဲ့ တံတားများကို ပြန်လည်ပြုပြင်နေရတာလည်း ဖြစ်ပါတယ်။...
NewsPolitic

မောင်တောတွင် ၇၅ ကြိမ်မြောက် သျှီဝရာသ်ရီး ပွဲတော် ကျင်းပ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကမ်းခြီရှိ ရာမတောင်တွင် ပြုလုပ်တဲ့ ဟိန္ဒူဘာသာဝင်များရဲ့ (၇၅) ကြိမ်မြောက်  သျှီဝရာသ်ရီး ဘုရားရေချိုးပွဲကို  ဖေဖော်ဝါရီလ (၁၆) ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဟိန္ဒူဘာသာဝင်များအပါအဝင် ကမ္ဘာသူ၊ ကမ္ဘာသားတရပ်လုံး ငြိမ်းချမ်း၊ ပျော်ရွှင်မှုတွေ ရရှိစေရန် ရည်ရွယ်ပြီး ဖေဖော်ဝါရီလ (၁၅) ရက် ရောက်တိုင်း ဟိန္ဒူဘာသာဝင်များအနေနဲ့ သျှီဝရာသ်ရီး ဘုရားကို နွားနိုရည်များဖြင့် (၂) ရက်တိုင်တိုင် ဘုရားရေချိုး ဆုတောင်းပွဲများ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဘုရားရေချိုးပွဲကို အနယ်နယ်အရပ်ရပ်က ဟိန္ဒူဘာသာဝင်များ လာရောက် ဆုတောင်းပြီး ဘုရားပွဲရောက်ရှိသူများအနေနဲ့ ဥပုဒ်စောင့်ခြင်း၊ သတ်သတ်လွတ်စားခြင်း၊ မီးထွန်းဆုတောင်းခြင်း၊ပရိတ်ရွက်ဖတ်ပူဇော်ခြင်း အပါအဝင် နောက်ဆုံးတွင်   သျှီဝရာသ်ရီးဘုရားကို နွားနို့များဖြင့် ရေချိုးပူဇော်မှုများကို ဖေဖော်ဝါရီလ (၁၅) ရက်ကနေ (၁၆) ရက်အထိ (၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ သျှီဝရာသ်ရီး ဘုရားရေချိုးပွဲကို ဟိန္ဒူဘာသာဝင် (၄ဝ၀) ခန့် လာရောက်ခဲ့ကြပြီး မိသားစုဝင်များ ၊ အိမ်ထောင်သည်များအနေနဲ့ အတူတကွ လာရောက် ရေချိုးပေးခြင်းဖြင့် အလုပ်အကိုင် အဆင်ပြေခြင်း၊ ပညာရေး၊ စီးပွားရေးများ အောင်မြင်ခြင်း စတဲ့ ကောင်းခြင်းမင်္ဂလာများဲ့့ ပြည်စုံခြင်းကြောင့် ဟိန္ဒူဘာသာဝင်များ အထွဋ်တမြတ်ထားတဲ့ ဘုရားပွဲတခုလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၃) ရက်ကလည်း မောင်တောမြို့နယ် ကျောက်ပန္ဒူကမ်းခြီအတွင်း ဟိန္ဒူဘာသာဝင်များအနေနဲ့ မဟာရာမယန ဟရီနမ” ရာမ”  အသံမစဲ ပဋ္ဌာန်းပွဲတော်ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ Ref & Photo – Arakan Princess Media...
NewsPolitic

အမ်းတွင် စကမရဲ့ မိုင်းပေါက်ကွဲလို့ လူငယ်တဦး ဒဏ်ရာရ 

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆)  ရက္ခိုင်ပြည် အမ်းမြို့နယ်၊ ကံ့ကော်ရိပ် (ခ) မီးလောင်ချောင်းရွာတွင် ဖေဖော်ဝါရီလ ၁၃ ရက်က စစ်ကော်မရှင် ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းတလုံး ပေါက်ကွဲမှုလို့ လူငယ်တဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။  “ သီဟိုဠ်ခြံမှာ သားအဖနှစ်ယောက် မြက်ရှင်းနေရင်းနဲ့ သားဖြစ်သူက စစ်ကော်မရှင်တပ်က ထောင်ထားခဲ့တဲ့ မိုင်းကို ဓါးနဲ့ ထိမိလို့ ပေါက်ကွဲပြီး ဒဏ်ရာ ပြင်ထန် ရရှိခဲ့တာ”  လို့ အမ်းမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ကော်မရှင်ရဲ့ စစ်ကျန်မိုင်းကြောင့် ပြင်းထန် ဒဏ်ရာ ရရှိသွားသူမှာ ရက္ခိုင်ပြည် အမ်းမြို့နယ်၊ ကံ့ကော်ရိပ် (ခ) မီးလောင်ချောင်းရွာနေ အဖ ဦီးကျော်နိုင်ရဲ့ သာဖြစ်သူ အသက် ၁၅ နှစ်အရွယ် မောင်  ငြိမ်းချမ်းကျော် ဖြစ်တယ်လို့ သိရပါတယ်။ “ အဲဒီမိုင်းက ပေါက်ကွဲပြီးတော့ ကလေးရဲ့ မျက်နှာတွေကို စင်တာလေ၊ မျက်နှာတခုလုံး ပြင်းပြင်းထန်ထန်ကို ဒဏ်ရာတွေ ရသွားတာ”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၈ ရက်ကလည်း စစ်ကော်မရှင် ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းတလုံး ပေါက်ကွဲလို့ အမ်းမြို့နယ်၊ ပြောင်းချောင်းရွာက လင်မယားနှစ်ယောက် ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။...
HealthNewsPolitic

ရက္ခိုင်ပြည်အတွင်းရှိ ဆေးခန်းများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန စစ်ဆေးနေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကွင်းဆင်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ ပြည်သူများအနေနဲ့ ဆေးဝါးနဲ့ပတ်သတ်ပြီး မလိုလားအပ်တဲ့ ဘေးအန္တရာယ်များ မဖြစ်လာစေရန်အတွက် ဒီလပ် (DLEPS) ဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးဌာန နဲ့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ ဆေးကုသခွင့် ရရှိရေးအတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် တရားဝင်လိုင်စင် လျှောက်ထားရမည်ဖြစ်ပြီး ဆေးကုသခွင့် လိုင်စင်မရှိဘဲ ‌ဆေးကုသနေတဲ့ ဆေးဆရာများ၊ ဆေးခန်းများ တွေ့ရှိပါက ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ ပူးပေါင်းအဖွဲ့တို့ ကွင်းဆင်းစစ်ဆေးရာတွင် ရက်လွန်ဆေးများ၊ တရားမဝင် တင်သွင်းထားတဲ့ ဆေးဝါးများကို အသုံးပြုရောင်းချနေတဲ့ ဆေးခန်းများကို တွေ့ရှိခဲ့ပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ အာရက္ခပြည့်သူ့ကျန်းရေးဌာနအနေနဲ့ ဇန်နဝါရီလစပြီး မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်များရှိ ဆေးခန်း၊ ဆေးဆိုင်များတွင် စပ်ဆေးရောင်းချနေမှုများ၊ တရားမဝင်ဆေးဝါး ရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။...
BusinessNewsPolitic

မီဇိုယာဥ်မောင်း သေဆုံးလို့ အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့မည်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆) မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံသား ယာဥ်မောင်းတဦး သေဆုံးလို့ ရက္ခိုင်ပြည်၊ ချင်းပြည်နယ်တို့နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယဘက်ခြမ်းက နယ်စပ်ကုန်သွယ်ရေးလမ်းများကို ပိတ်ဆို့သွားမယ်လို့ ဒေသခံ လိုင်လူငယ်အဖွဲ့အစည်းက (CYLA) ဆိုပါတယ်။ သေဆုံးသွားသူမှာ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်၊ အေအိုစီရပ်ကွက်နေ အသက် ၃၇နှစ် အရွယ်ရှိ ပူးလားရမ်စန်းငါ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို နေရပ်သို့ ပြန်လည်သယ်ဆောင်လာပြီး ဆေးရုံတွင် စစ်ဆေးနေပြီး ဒဏ်ရာတချို့ ရရှိထားပြီး မတော်တဆသေဆုံးမှု သို့မဟုတ် လူသတ်မှုဖြစ်တယ်ဆိုတာကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ သိရပါတယ်။ အဆိုပါ ဖြစ်ရပ်ကြောင့် လောင်တလိုင်ခရိုင် လိုင်လူငယ်အဖွဲ့အစည်း CYLA နဲ့ ရှဟာခရိုင် မရာလူငယ်အဖွဲ့အစည်း (MTP) တို့ ဖေဖော်ဝါရီလ ၁၄ ရက်က တွေ့ဆုံခဲ့ပြီးနောက် ကုန်သွယ်မှုအားလုံးကို ပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ သေဆုံးသူဟာ သူ့ညီနဲ့အတူ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာကို ကုန်ပစ္စည်းများပို့ရန် ပစ်ကပ်ကားနဲ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် သွားရောက်ခဲ့ပြီး ပျောက်ဆုံးသွားတာလည်း ဖြစ်ပါတယ်။ သေဆုံးမှု ဖြစ်ပွားခဲ့တဲ့နေရာကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်ထံကိုလည်း အမှုဖော်ထုတ်ပေးရန် CYLA က တောင်းဆိုထားတယ်လို့ သိရပါတယ်။...
NewsPolitic

စစ်ကိုင်းတွင် AA ရောက်ရှိနေလို့ မင်းအောင်လှိုင် ကိုယ်တိုင် ဟုမ္မလင်းသွား စည်းရုံးရေးဆင်း

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆) စစ်ကိုင်းတိုင်းတွင် အာရက္ခတပ်တော် ရောက်ရှိနေပြီး ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ စစ်ကော်မရှင်ရဲ့ ကိုးတောင်ဘို့စခန်းသိမ်းအပြီးတွင် စစ်ကော်မရှင်ခေါင်ဆောင် မင်းအောင်လှိုင်ကိုယ်တိုင် စစ်ကိုင်းတိုင်းရှိ ဟုမ္မလင်းတပ်နယ်ကို ကိုယ်တိုင်သွားရောက် စည်းရုံးရေး ဆင်းနေတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး ပူးပေါင်းစခန်းတွေ ဖြစ်တဲ့ ကိုးတောင်ဘို့စခန်း အပါအဝင် စခန်း ၄ ခုကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်အပြီးမှာ အခုလို သွားရောက်တာလည်း ဖြစ်ပါတယ်။ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်လိုက်တဲ့ စခန်းတွေဟာ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်ရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးများ စခန်းဖြစ်တဲ့ ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင် နဲ့ အင်တိုင် စတဲ့ စခန်း ၄ ခု ပဲ ဖြစ်ပါတယ်။ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်မလာခင်တွင် ဟုမ္မလင်းတပ်နယ်ကို အင်းအားနဲ့ ခဲယမ်းများစွာ ပို့ဆောင်ခဲ့ပြီး ပြန်လည် ထိုးစစ်ဆင်ရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်တွေဟာ “ နိုင်ငံရေး အကြောင်းပြပြီး ကိုယ်ကျိုးအတွက် သယံဇာတများကို တရားမဝင် ထုတ်ယူမှု အမြောက်အများရှိပြီး လက်နက်အားကိုးနဲ့ ပြည်သူများထံမှ ငွေကြေးများ အတင်းအဓမ္မကောက်ခံကာ ကိုယ်ကျိုးသုံးနေကြတယ်”  လို့ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က ဟုမ္မလင်းတပ်နယ်တွင် သူ့လက်အောက်ငယ်သားတွေကို ပြောကြာခဲ့ပါတယ်။ အာရက္ခတပ်တော် (AA) နဲ့အတူ NUG လက်အောက်ခံတပ်ဖြစ်တဲ့ ကန့်ဘလူ၊ ကောလင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ကန့်ဘလူခရိုင် (ပကဖ)၊ ကန့်ဘလူ၊ ခင်ဦး၊ ကျွန်းလှ၊ တန့်ဆည် စတဲ့ မြို့နယ် ပကဖများအပြင် ဒရုန်းတပ်ဖွဲ့ လက်နက်ကြီးတပ်ဖွဲ့များ ပူးပေါင်းကာ စစ်ကိုင်းတိုင်းက စစ်ကော်မရှင်ရဲ့ စခန်းတွေကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။...
BusinessNewsPolitic

တရားမဝင် ဝင်ရောက်ငါးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သား (၇၃) ယောက်ကို ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ AA ပြန်လည်လွှဲအပ်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သားတွေထဲက (၇၃) ယောက် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံသို့ အာရက္ခတပ်တော် က ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ရေလုပ်သား (၇၃) ယောက်ကို အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်နဲ့ အဆက်အသွယ်ပြုလုပ်ကာ အထောက်အထား စုံစမ်းစစ်ဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ် တာဝန်ရှိသူတွေထံ ပြန်လည် လွှဲပြောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။  ပြန်လည် လွှဲပေးလိုက်တဲ့ ငါးခိုးဖမ်းသမား (၇၃) ယောက်အနေနဲ့လည်း နောက်နောင်တွင် ရက္ခိုင်ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ပြီး ငါးခိုးမဖမ်းတော့ပါဘူးလို့ ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။ ရက္ခိုင်ပြည် ရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်လာပြီး ငါးဖမ်းနေသူတွေကို အာရက္ခတပ်တော်က ဖမ်းဆီးကာ စတင်အရေးယူဆောင်ရွက်မှုတွေ လုပ်နေပြီဖြစ်တယ်လို့ အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ သတင်းထုတ်ပြန်ထားပါတယ်။ အာရက္ခစစ်သည်တော်တွေ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ ရက္ခိုင်ပြည်နေ အပြစ်မဲ့ အရပ်သားပြည်သူတွေကို လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားဘက်လိုက်မှုမရှိဘဲ အသက်၊ အိုးအိမ်၊ စည်းစိမ် နဲ့ လုံခြုံရေးတို့ကို အထူးအလေးထားသလို နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နတ်မြစ်ကြောင်းတလျှောက်က အကြမ်းဖက်သမားတွေ ခိုအောင်းကျက်စားနိုင်မှုမရှိစေရေးအတွက်ကိုလည်း ဒေသခံပြည်သူလူ ထုတွေ နဲ့ ပူးပေါင်းပြီး အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။ Ref & Photo – APM...
NewsPolitic

သတင်းသမားတွေ ကျင့်ဝတ်ရှိဖို့လိုပြီး သတင်းအမှန်သာ ဖော်ပြဖို့ စောမြရာဇာလင်း ပြော

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၆ ဖေဖော်ဝါရီ ၂၀၂၆) သတင်းသမားတွေ ကျင့်ဝတ်ရှိဖို့လိုပြီး သတင်းအမှန်သာ ဖော်ပြဖို့လိုတယ်လို့ ALP ဥက္ကဌ စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်မှာ ထွက်ပေါ်ခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌ စောမြရာဇာလင်းရဲ့ နေအိမ် ပေါက်ကွဲမှုသတင်းနဲ့ပတ်သက်ပြီး ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ နေအိမ်မှာ ဂတ်(စ်)အိုးပေါက်ကွဲပြီး တပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့သတင်းဟာ သတင်းအမှား ဖြစ်တယ်လို့လည်း ALP ပါတီဘက်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ “ ကျမတို့က မနေ့ကဆို ထုတ်ပြန်ချက်ထုတ်ဖို့ လိုမယ်လို့ မယူဆခဲ့ဘူး။ ဒီလိုပဲ ပျောက်သွားမှာပါ အဲ့လိုမျိုးပဲ ထင်လိုက်တယ်။ ပထမတက်လာတာကတော့ သာမန်အနေအထားမျိုးပဲ၊ ရေးတဲ့ပုံစံမျိုးပဲ တက်လာတာ။ နောက်ပြီးလို့ရှိရင် သတင်းပုံစံမျိုးနဲ့ ပြန်တက်လာတယ်။ statement မထုတ်လို့တော့ ရတော့မှာမဟုတ်ဘူး။ မထုတ်ချင်ပါဘူး အမှန်က။ မထုတ်ချင်ပေမယ့် ထုတ်လိုက်ရတာ ဖြစ်တယ်”  လို့ ‌စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ သတင်းတွေကို ရေးသားဖော်ပြနေတဲ့ သတင်းထောက်တွေ အနေနဲ့လည်း သတင်းသမား ကျင့်ဝတ်နဲ့အညီသာ သတင်းမှန်ကို ရေးသား ဖော်ပြသင့်တယ်လို့ သူက ဆိုပါတယ်။ “ အဓိက ပြောချင်တာကတော့ သတင်းသမားတွေဆိုတာ သတင်းကျင့်ဝတ် ရှိဖို့လိုအပ်တယ်။ သတင်းကျင့်ဝတ်ကို ကျင့်သုံးဖို့ လိုအပ်တယ်။ အဲ့လိုမဟုတ်ပဲ ရတာ ကောက်ရေးနေကြတယ်။ ကိုယ်စိတ်ထင်ရင် ထင်သလို ရေးနေကြတယ်။ ပြည်သူတွေလည်း အလန့်တကြား ဖြစ်တယ်။ ကိုယ်တို့လည်း အလန့်တကြား ဖြစ်တယ်။ ဆိုတော့ သတင်းတွေ တက်လာချင်း ကိုယ်တို့အချင်းချင်းထဲမှာလည်းပြောဖြစ်ကြတယ်။ ကိုယ်တို့ကို ဖုန်းလာဆက်ကြတယ်။ ဆရာမကြီးနေတဲ့အိမ် ဒီလို ဖြစ်သွားတာလား။ ဘာညာ စသည်အားဖြင့်။ ဘာမှမဖြစ်ပါဘူးလို့။ ဒီလို အေးဆေးနေကြတာပဲလို့။ ဘာမှမဖြစ်ပါဘူး။ ဘယ်လို တက်နေတာလဲ။ ဒီလို ဒီလို သတင်းတွေ တက်နေတယ် စသည်အားဖြင့်ပေါ့လေ။ ကိုယ့်အပေါ်မှာ မေတ္တာရှိကြတဲ့လူတွေက အဲ့လိုမျိုး အများကြီး လာပြီး မေးကြတာ ရှိတယ်။ အဲ့လိုမျိုး ကိုယ့်အပေါ်မှာပဲဖြစ်ဖြစ် ပါတီအပေါ်မှာပဲဖြစ်ဖြစ် မတော်မတရား အဲ့လိုမျိုးရေးတာက တော်တော့်ကို လွန်နေပြီ။ အခုလည်းပဲ လုပ်ကြံပြီးတော့ သတင်းမကောင်းတွေ ထုတ်လွှင့်တာ။ အဲ့လိုပုံစံမျိူးကတော့ သတင်းသမားတွေအနေနဲ့ မဖြစ်သင့်ဘူး။ သတင်းဆိုတာ အမှန်တကယ် လူသိစေချင်တဲ့ အကြောင်းအရာကိုရေးတဲ့ သတင်းတွေ ဖြစ်သင့်တယ်။ အဲ့လိုပုံစံမျိုး မဟုတ်ပဲနဲ့ တဖက်သားအပေါ်မှာ မနာလို မုန်းတီးပြီးတော့ ကောက်ရေးနေတာဟာဆိုလို့ရှိရင် အများကြီး နစ်နာမှုတွေ ရှိတယ်။ ပြည်သူတွေအတွက်လည်း စိတ်မကောင်းစရာ အများကြီးဖြစ်တယ်။ ကိုယ့်အပေါ်မှာ စေတနာရှိတဲ့လူတွေအတွက်ဆိုရင် စိုးရိမ်ပူပန်မှုတွေ တအားများသွားကြတယ်။ အဲ့လို မဖြစ်သင့်ဘူးလို့ပဲ မြင်ပါတယ်”  လို့ စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တို့ကြား ဖြစ်ပွားနေတဲ့ ကျောက်ဖြူတိုက်ပွဲမှာ ALP တပ်သား ၁၀၀ ပါဝင်ခဲ့ပြီး တပ်သား ၂၀ ကျဆုံးခဲ့သလို လက်နက်တွေနဲ့အတူ သုံးဦးက ထွက်ပြေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အနေနဲ့ ရက္ခိုင်ပြည်မှာ စစ်မက်ဖြစ်ပွားခြင်းကို မလိုလားတဲ့အတွက် အဆိုပါသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုချက် ထုတ်ပြန်ခဲ့ပါသေးတယ်။...
Uncategorized

ပဒိုမန်းရှာလားဖန်း အောက်မေ့ဖွယ် အခမ်းအနား KNU ကျင်းပ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၆ ဖေဖော်ဝါရီ ၂၀၂၆) ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးမှု ၁၈နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ရက်တွင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အောက်မေ့ဖွယ်အခမ်းအနားကို KNU တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ့၊ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း အပါအဝင် တာ ဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ပဒိုမန်းရှာလားဖန်း ကို စစ်ကော်မရှင်က လာရောက် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့ KNU ရဲ့ ပဒိုမန်းရှလားဖန်း ကျဆုံးမှု အောက်မေ့ဖွယ် ဖော်ပြချက်မှာ အသိပေးထားပါတယ်။  ခေါင်းဆောင်ကြီး ပဒိုမန်းရှာလားဖန်း ကို အောက်မေ့တမ်းတသောအားဖြင့် ပဒိုမန်းရှာလားဖန်း ရှိစဉ်က မိန့်ကြားခဲ့ဖူးတဲ့ အဆိုအမိန့်များကို KNU အနေနဲ့ ပြန်လည် မျှဝေခဲ့ပါတယ်။ အဆိုပါ အဆိုအမိန့်များမှာ “ဘယ်နေရာမှာပဲရှိနေပါစေ တော်လှန်ရေးလုပ်ချင်တဲ့ စိတ်ရှိရင် လုပ်လို့ရတယ်။ နည်းလမ်းအမျိုးမျိုးနဲ့ လုပ်လို့ရတယ်။ ဒါကြောင့် ကျနော်တို့အားလုံးတော်လှန်ရေး လုပ်ကြရမယ်။” ပဒိုမန်းရှာလားဖန်း နဲ့ “ခေါင်းဆောင်ဆိုတာ အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှုရှိရမယ်။” ပဒိုမန်းရှာလားဖန်း စတာတွေပဲ ဖြစ်ပါတယ်။ ဓါတ်ပုံ-KNU...