BusinessNewsPolitic

မီဇိုယာဥ်မောင်း သေဆုံးလို့ အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့မည်

အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆)

မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံသား ယာဥ်မောင်းတဦး သေဆုံးလို့ ရက္ခိုင်ပြည်၊ ချင်းပြည်နယ်တို့နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယဘက်ခြမ်းက နယ်စပ်ကုန်သွယ်ရေးလမ်းများကို ပိတ်ဆို့သွားမယ်လို့ ဒေသခံ လိုင်လူငယ်အဖွဲ့အစည်းက (CYLA) ဆိုပါတယ်။

သေဆုံးသွားသူမှာ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်၊ အေအိုစီရပ်ကွက်နေ အသက် ၃၇နှစ် အရွယ်ရှိ ပူးလားရမ်စန်းငါ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို နေရပ်သို့ ပြန်လည်သယ်ဆောင်လာပြီး ဆေးရုံတွင် စစ်ဆေးနေပြီး ဒဏ်ရာတချို့ ရရှိထားပြီး မတော်တဆသေဆုံးမှု သို့မဟုတ် လူသတ်မှုဖြစ်တယ်ဆိုတာကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ သိရပါတယ်။

အဆိုပါ ဖြစ်ရပ်ကြောင့် လောင်တလိုင်ခရိုင် လိုင်လူငယ်အဖွဲ့အစည်း CYLA နဲ့ ရှဟာခရိုင် မရာလူငယ်အဖွဲ့အစည်း (MTP) တို့ ဖေဖော်ဝါရီလ ၁၄ ရက်က တွေ့ဆုံခဲ့ပြီးနောက် ကုန်သွယ်မှုအားလုံးကို ပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

သေဆုံးသူဟာ သူ့ညီနဲ့အတူ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာကို ကုန်ပစ္စည်းများပို့ရန် ပစ်ကပ်ကားနဲ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် သွားရောက်ခဲ့ပြီး ပျောက်ဆုံးသွားတာလည်း ဖြစ်ပါတယ်။

သေဆုံးမှု ဖြစ်ပွားခဲ့တဲ့နေရာကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်ထံကိုလည်း အမှုဖော်ထုတ်ပေးရန် CYLA က တောင်းဆိုထားတယ်လို့ သိရပါတယ်။

Related posts

သံတွဲ စစ်ရှောင်တွေအတွက် ဆန်အလှူရှင်များ လိုအပ်နေ

Rakhita Times

ရက္ခိုင်က နို့စို့အရွယ်ကလေးများ နို့မှုန့်အာဟာရပြည့်ဝစေရန် လုလုအောင် သိန်း ၃၀ လှူဒါန်း

Rakhita Times

နတ်ရေကန်ကို စကမ စစ်ကူပို့ရန်ကြိုးစား၊ AA ကြားဖြတ်ဝင်တိုက်လို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

5 comments

Casino_nfkt မတ် 24, 2026 at 4:22 မနက်

Пинко Казино предлагает широкий выбор онлайн-игр и азартных развлечений.
Casino Pinco
Пользователи могут выбирать удобные способы пополнения и вывода средств.

Reply
Casino_nakt မတ် 26, 2026 at 4:53 ညနေ Reply
Camerontub မေ 2, 2026 at 2:33 မနက်

Je dirais jai joue ce jackpot sur jeu https://blooder.net/read-blog/167916 cest vraiment cool je recommande pour

Reply
Camerontub မေ 8, 2026 at 9:19 မနက် Reply

Leave a Comment