၃ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၈၁ ကြိမ်၊ ရက္ခိုင်ပြည်က ၁၅၁ ကြိမ်နဲ့ အများဆုံးဖြစ်
အာရက္ခတိုင်းမ်စ် (၂၆ အောက်တိုဘာ ၂၀၂၆) မြန်မာနိုင်ငံမှာ ၂၀၂၆ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၈၁ ကြိမ် ရှိခဲ့ပြီး ယခင် ၃ လပတ်နဲ့ နှိုင်းယှဉ်ရင် ၁၁.၇၃ ရာခိုင်နှုန်း တိုးလာကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။...
