NewsPolitic

 Scarlet Heart Thailand တွင် ရက္ခိုင်ဆီမီးခွက်အက ခိုးယူသုံးစွဲမှု ကန့်ကွက်ခံရ

အာရက္ခတိုင်းမ်စ် (၂၄ အောက်တိုဘာ ၂၀၂၆)

နာမည်ကြီး တရုတ်နဲ့ ကိုရီးယား ဇာတ်လမ်းတွဲတဖြစ်လဲ ထိုင်းနိုင်ငံ GMMTV ရဲ့ “Scarlet Heart Thailand” ရုပ်ရှင်စီးရီးသစ်ဟာ ထိုင်းရိုးရာ သို့မဟုတ် လန်နားယဉ်ကျေးမှုလို့ ဆိုပြီး တင်ဆက်ထားတဲ့ ဝတ်စုံများနဲ့ ရက္ခိုင်ရိုးရာ ဆီမီးခွက်အက ပြကွက်များကြောင့် ယဉ်ကျေးမှု တက်ကြွလှုပ်ရှားသူများနဲ့ ပရိသတ်များရဲ့ ပြင်းထန်တဲ့ ကန့်ကွက်ရှုတ်ချမှုကို ရင်ဆိုင်နေရပါတယ်။

အဆိုပါ စိတ်ကူးယဉ်ဇာတ်လမ်းတွဲထဲတွင် ထည့်သွင်းအသုံးပြုထားတဲ့ နန်းတွင်းဝတ်စုံများနဲ့ ကပြဖျော်ဖြေမှုများဟာ မူလထိုင်း သို့မဟုတ် လန်နားတော်ဝင် ရိုးရာဓလေ့များနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိဘဲ မြန်မာ့ကုန်းဘောင်ခေတ် နန်းတွင်းဝတ်စုံဒီဇိုင်းများနဲ့ ရက္ခိုင်ရိုးရာ ဆီမီးခွက်အကဟန်များကို တိုက်ရိုက်ပုံစံတူ ကူးယူသုံးစွဲထားခြင်းဖြစ်တယ်လို့ ပရိသတ်တွေက ထောက်ပြ ဝေဖန်နေကြပါတယ်။

မူရင်းပိုင်ဆိုင်မှုကို အသိအမှတ်ပြုခြင်း သို့မဟုတ် ခရက်ဒစ်ပေးခြင်း မရှိဘဲ နိုင်ငံတကာပရိသတ်များရှေ့တွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိုင်းရိုးရာအဖြစ် လွဲမှားတင်ဆက်နေမှုအပေါ် ကန့်ကွက်တဲ့ Change.org အွန်လိုင်း လက်မှတ်ရေးထိုးလှုပ်ရှားမှုမှာ လက်ရှိအချိန်အထိ လူပေါင်း ၄၀,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့နေတာလည်း ဖြစ်ပါတယ်။

ထိုသို့ ယဉ်ကျေးမှုဆိုင်ရာ လွဲမှားတင်ဆက်မှုများနဲ့ ပတ်သက်ပြီး GMMTV ထုတ်လုပ်ရေးအနေနဲ့ အဆိုပါ ဝတ်စုံဒီဇိုင်းများကို ချက်ချင်း ပြန်လည် စစ်ဆေးပြင်ဆင်ရန်၊ အများပြည်သူ သိရှိအောင် တရားဝင် တောင်းပန်ရန်နဲ့ နောက်ဆုံးထွက်ရှိမယ့် ဇာတ်ကားတွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ခရက်ဒစ်ပေးရန် တောင်းဆိုထားပါတယ်။

Related posts

အာရက္ခအားမာန် ရဲဘော်ကျော်ဟန်

Rakhita Times

ရက္ခိုင်ပြည်မှာ စိုက်ပျိုးထားတဲ့ မိုးစပါးတွေ ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေ

Rakhita Times

စစ်တွေက အမျိုးသမီး ၈ ဦးကို တရုတ်မယားအဖြစ် ရောင်းချပို့ဆောင်မယ့် ပွဲစား ၃ ဦးကို ထောင် ၁၀ နှစ်စီချမှတ်

Rakhita Times

Leave a Comment