NewsPolitic

အာရက္ခတပ်တော်မှ အမ်းကိုသိမ်း၊ နပခဌာနချုပ်သာ ကျန်

အာရက္ခတပ်တော်မှ အမ်းကိုသိမ်း၊ နပခဌာနချုပ်သာ ကျန်

အာရက္ခတိုင်းမ်စ် (၇ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်အတွင်းမှ နေရာအများစု (နပခဌာနချုပ်ဂွင်တစ်ခုသာကျန်) နဲ့ အမ်းလေဆိပ်တို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီရဲ့ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်းကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် အခြားသောနေရာတို့တွင် တပ်စွဲစခန်းချ၊ ခုခံစစ်ဆင်နွှဲနေကြသော စခန်းနေရာ (၃၀) ကျော်ရှိတဲ့အထဲမှ ယနေ့ဆိုလျှင် အမ်း နပခဌာနချုပ် ဂွင်တစ်ခုသာ ကျန်ရှိတော့ပြီဖြစ်သောကြောင့် အမ်းမြို့ရဲ့ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ် အာရက္ခတပ်တော်က ဆိုပါတယ်။

အာရက္ခတပ်တော်မှ ထပ်မံ သိမ်းပိုက်ရရှိထားသော စစ်ကောင်စီစခန်းများမှာ (၁) ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ (၂) ခမရ (၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း (၃) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း (၄) လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ (၅) ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ (၆) ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း (၇) အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (၈) တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ (၉) စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (၁၀) လေဆိပ်အနီး၊ အတွင်း၊ ပတ်ဝန်းကျင်များမှ ခုခံတိုက်ခိုက်နေသော စစ်ကောင်စီစခန်းငယ်များအပြင် (၁၁) အဆိုပါစခန်းများမှ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများ စသည်တို့ဖြစ်ကြောင်း သိရပါတယ်။

အာရက္ခတပ်တော်မှ အမ်းဒေသအတွင်းရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသော တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီသည် ရခိုင်ရိုးမဘက်မှ စစ်ကူများကို ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ်ပို့ဆောင်ပြီး ဖြည့်တင်းရန်ကြိုးစားနေခဲ့သော်လည်း အာရက္ခတပ်တော်မှ အဆင့်ဆင့် ဖြတ်တောက် ပိတ်ဆို့ထားနိုင်ခဲ့သောကြောင့် စစ်ကောင်စီရဲ့စစ်ကူ စစ်ကြောင်းများမှာ သုံးရက်အတွင်း စစ်ကြောင်းတစ်ခုလုံး အချေမှုန်းခံရသောအဆင့်သို့ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရက္ခိုင်ပြည် အမ်းမြို့သို့ စစ်ကူပေးရန်တက်လာသည့် တပ်မ (၈၈) လက်အောက်ခံ၊ နည်းဗျူဟာတစ်ခုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်၊ နံနက် (၈) နာရီ (၃၅) မိနစ်တွင် အမ်းမြို့ရဲ့ မြောက်ဘက်၊ ရိုးတောင်လမ်းမထက် တစ်နေရာတွင် အာရက္ခတပ်တော်မှ စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး အဆိုပါစစ်ကြောင်းတွင် ခမရ (၃၁၇)၊ ခမရ (၄၁၅)၊ ခမရ (၄၁၆) စသည့် တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား (၁၃၀) ခန့် ပါဝင်ပါတယ်။ သုံးရက်နီးပါး ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုအပြီး၊ နိုဝင်ဘာလ (၃၀) ရက်၊ နေ့လယ် (၂) နာရီ (၃၀) မိနစ်တွင် စစ်ကောင်စီအလောင်း စုစုပေါင်း (၁၀၀) ကျော်၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ပြီး စစ်သုံပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားအချို့ကိုလည်း လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိကြောင်း သိရပါတယ်။

Related posts

မြောက်ဦးတွင် ခိုးရာပါ ဆိုင်ကယ်များကို ပိုင်ရှင်ဆီပြန်အပ်

Rakhita Times

နှစ်သစ်မှာ အာရက္ခ အိမ်မက်ကို လုံးဝ အကောင်အထည်နိုင်မယ်ဟု ပြော

Rakhita Times

တိုင်းရင်းသားတွေကို ပြည်ထောင်စု ဦးဆောင်ခွင့် ဘယ်တုန်းကမှ မပေးခဲ့ဖူးဘူး

Rakhita Times

5 comments

casino bonus 64 ဖေ‌ဖော်ဝါရီ 22, 2026 at 11:39 မနက်

Найкращі бонуси казіно — депозитні акції, бездепозитні пропозиції та турніри із призами. Огляди та порівняння умов участі.

Reply
online casino 66 ဖေ‌ဖော်ဝါရီ 22, 2026 at 11:42 မနက်

Грати в найкраще найкращі онлайн казино — широкий вибір автоматів та настільних ігор, вітальні бонуси та спеціальні пропозиції. Дізнайтеся про умови участі та актуальні акції.

Reply
casino games 18 ဖေ‌ဖော်ဝါရီ 22, 2026 at 8:03 ညနေ

Онлайн ігри казіно – великий вибір автоматів, рулетки та покеру з бонусами та акціями. Огляди, новинки та спеціальні пропозиції.

Reply
online slots 37 ဖေ‌ဖော်ဝါရီ 22, 2026 at 8:03 ညနေ

Грати в онлайн слоти – великий каталог автоматів, бонуси за реєстрацію та регулярні турніри. Інформація про умови та можливості для гравців.

Reply
auto 931 ဖေ‌ဖော်ဝါရီ 24, 2026 at 11:04 မနက်

A catalog of cars https://auto.ae/catalog/ across all brands and generations—specs, engines, trim levels, and real market prices. Compare models and choose the best option.

Reply

Leave a Comment