NewsPolitic

အမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေအောက်ခန်းဝင်ပြီး ခုခံနေ

အာရက္ခတိုင်းမ်စ် (၉ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်အတွင်းမှ နေရာအများစုကို အာရက္ခတပ်တော်မှ သိမ်းပိုက်ထားပြီး လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နပခ ရှိ မြေအောက်ခန်းမှ ခုခံနေကြောင်း သိရပါတယ်။

“ သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်) မှာ ပြေးစရာလည်း မြေမရှိဘူး။ ပတ်ပတ်လည်ကို AA က ဝိုင်းထားပြီ။ အထက်က လက်နက်မချခိုင်းဘူးထင်တယ်။ မြေအောက်ခန်းထဲမှာ စုနေကြတယ်။ အပေါ်ကနေလည်း ဗုံးလာလာကြဲတ။ ဒီအတိုင်းဆို မကြာပါဘူး။ ဘယ်တောင့်ခံနိုင်မလဲ” လို့ အမ်းဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီရဲ့ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်းကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် အခြားသောနေရာတို့တွင် တပ်စွဲစခန်းချ၊ ခုခံစစ်ဆင်နွှဲနေကြသော စခန်းနေရာ (၃၀) ကျော်ရှိတဲ့အထဲမှ အမ်း နပခဌာနချုပ် ဂွင်တစ်ခုသာ ကျန်ရှိတော့ပြီဖြစ်သောကြောင့် အမ်းမြို့ရဲ့ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ အာရက္ခတပ်တော်က ဆိုထားပါတယ်။

အမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဌာနချုပ် မကျစေရေးအတွက် စစ်ကောင်စီက ရက္ခိုင်ရိုးမဘက်မှ စစ်ကူများကို ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ်ပို့ဆောင်ပြီး ဖြည့်တင်းရန်ကြိုးစားနေခဲ့သော်လည်း အာရက္ခတပ်တော်မှ အဆင့်ဆင့် ဖြတ်တောက် ပိတ်ဆို့ထားနိုင်ခဲ့သောကြောင့် စစ်ကောင်စီရဲ့ စစ်ကူ စစ်ကြောင်းများ အချေမှုန်းခံနေရကြောင်း သိရပါတယ်။

ထို့အတူ ရက္ခိုင်ပြည် မြောက်ပိုင်း မောင်တောမြို့နယ်ရှိ တစ်ခုတည်းသော လက်ကျန်တပ် ဖြစ်တဲ့ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကို ဒီဇင်ဘာ ၈ရက် နံနက် ၉ နာရီခွဲတွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် က ထုတ်ပြန်ထားပါတယ်။

Related posts

ARSA ခြုံခိုတိုက်ခိုက်၍ အမျိုးသမီး ၁ ဦးသေဆုံး အများအပြားထိခိုက် ဒဏ်ရာရ

Rakhita Times

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၆ ဦးကို AA ထပ်မံ ဖမ်းဆီး

Rakhita Times

မြောက်ဦးဆေးရုံ ပြန်လည်ထူထောင်ရေးအတွက် ဂျပန်ယန်း သောင်း-၁၅၀ Arakan Union (Japan) လှူဒါန်း

Rakhita Times

Leave a Comment