NewsPolitic

တောင်ကုတ်ကို စစ်ကောင်စီ ဗုံးထပ်မံ ကြဲ၍ နေအိမ်  ၈ လုံးထက်မနည်း မီးလောင် ပျက်စီး

အာရက္ခတိုင်းမ်စ် (၁၀ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက် သံတွဲလမ်းဆုံကို စစ်ကောင်စီက မနေ့က လေကြောင်းနဲ့ ဗုံးထပ်မံ ကြဲ၍ နေအိမ် ၈ လုံးထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း သိရပါတယ်။

“တောင်ကုတ်ကနေ သံတွဲကို သွားတဲ့ လမ်းဆုံလမ်းခွနားကို ကျတာ၊ အဲဒီနားက အိမ်တွေ မီးလောင်ပြီးတော့ ပျက်စီးသွားတယ်၊ ကျနော်သိသလောက်တော့ အနည်းဆုံး ၈ လုံးလို့ သိထားတယ်” လို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ထို့အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက် တောင်ကုတ်မြို့မဈေးနဲ့ ညဈေးကို ဗုံးကြဲခဲ့တာကြောင့် ဆိုင်ခန်းပေါင်း ၇၀ ကျော် မီးလောင်ပျက်စီးသွားပြီး ဒီဇင်ဘာ ၄ ရက်ကလည်း ကံပိုင်ရပ်ကွက်ကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်း အပါအဝင် နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

အာရက္ခတပ်တော်က တောင်ကုတ်မြို့ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်မှာ အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက မကြာခဏဆိုသလို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လျက်ရှိနေတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်မှ တော်ကုတ်မြို့ရဲ့ လက်ကျန်တပ်ဖြစ်တဲ့ စကခ (၅) တပ်မဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေကြောင်း သိရပါတယ်။

ဓါတ်ပုံ – Arakan Princess Media

Related posts

■ အမေရိကန်နဲ့ တရုတ် ပြိုင်ဆိုင်မှုကို စစ်မခင်းဘဲ ထိန်းကျောင်းနိုင်မယ့် နည်းလမ်း

Rakhita Times

သတင်းသမားတွေ ကျင့်ဝတ်ရှိဖို့လိုပြီး သတင်းအမှန်သာ ဖော်ပြဖို့ စောမြရာဇာလင်း ပြော

Rakhita Times

ကျောက်တော်က ငှက်ဖျားဖြစ်နေတဲ့ ရွာ ၂ ရွာကို AA မြေပြင်ဆင်း စစ်‌ဆေးပေးနေ

Rakhita Times

2 comments

Leave a Comment