NewsPolitic

စစ်တွေမှာ ALP စစ်သင်တန်းဆင်းပွဲ ပြုလုပ်မယ်

အာရက္ခတိုင်းမ်စ် (၂၄ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ မနက်ဖြန် (ဒီဇင်ဘာ ၂၅) ရက်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က စစ်သင်တန်းဆင်းပွဲတစ်ခု ပြုလုပ်သွားမယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်က စတင်ကာ အခြေခံစစ်သင်တန်းကို ၁ လအကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲ ပြုလုပ်မှာပဲ ဖြစ်ပါတယ်။

ဒေသခံတစ်ဦးက “သူတို့ (ALP) မှာ မနက်ဖြန် စစ်သင်တန်းဆင်းပွဲ ရှိတယ်။ ၁၁ လပိုင်း ၂၅ ရက်နေ့က သင်တန်းဖွင့်တယ်။ မနက်ဖြန် ၂၅ ရက်နေ့ ၁ လပေါ့နော်၊  ၁ လသင်တန်း၊ အယောက်ကတော့ ၃၆ ယောက်လို့တော့ ပြောတယ်၊ ကျား/မ ပေါ့နော်၊ မြင်တာကတော့ မွတ်စလင်လည်း တွေ့တယ်၊ ရခိုင်ကတော့ များတာပေါ့နော်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ စစ်သင်တန်းကို စစ်ကောင်စီတပ်က အနားယူထားတဲ့ တပ်ပင်စင်စားတွေက ALP ပါတီအတွင်း ဝင်ရောက်ထားပြီး ၎င်းတို့က သင်တန်းပေးတာလို့ ဆိုပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ပြုလုပ်မယ့် စစ်သင်တန်းဆင်းပွဲဟာ စစ်တွေမှာ ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

စစ်တွေမှာ ပြုလုပ်မယ့် ALP ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ ပတ်သက်လို့ အကြောင်းစုံ သိရှိနိုင်ဖို့ ALP ပါတီ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားတာကြောင့် အဆက်အသွယ် မရရှိသေးပါ။

၎င်းတို့ကို စစ်ကောင်စီက လက်နက်အထောက်အပံ့တွေ ပေးထားနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့က (ALP) က တကယ့်ကို သင်တန်းကျောင်းပုံစံမျိုး မနက်ဆို အပြေးလေးကျင့်၊ အနီးအနားက ရွာတွေကို ပတ်ပြေးတာတို့ တကယ့်ကို သင်တန်းပေးတဲ့ပုံစံမျိုးကို လုပ်တာ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဟာ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ရက္ခိုင်လက်နက်ကိုင် တပ်ဖွဲ့တစ်ခု ဖြစ်ပြီး စစ်တွေမြို့မှာ လှုပ်ရှားနေတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်က ကိုယ်ဝန်ဆောင်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါး မလုံလောက်မှုကြောင့် ပူပန်နေရ

Rakhita Times

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတချို့မှာ အုပ်ချုပ်‌ရေး အာဏာပြတာတွေ ရှိနေ

Rakhita Times

ရက္ခိုင်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီး နှစ်ဦးကို စစ်ကောင်စီ ရာထူးတစ်ဆင့်တိုးပေး

Rakhita Times

10 comments

canada prescriptions မတ် 4, 2026 at 4:44 မနက် Reply
mail order pharmacies မတ် 5, 2026 at 7:21 ညနေ Reply
canadian drug stores မတ် 8, 2026 at 11:35 ညနေ Reply
canadian rx pharmacy online မတ် 18, 2026 at 10:34 ညနေ Reply
Гей порно Slottica မတ် 20, 2026 at 2:55 မနက်

Slottica Casino to propozycja dla graczy szukających nowoczesnej platformy do gry online i wygodnego dostępu do szerokiej oferty rozrywki. Serwis wyróżnia się intuicyjnym interfejsem, sprawną obsługą płatności oraz atrakcyjnym wyborem gier dopasowanych do różnych preferencji. Na szczególną uwagę zasługują wysokie standardy bezpieczeństwa, w tym szyfrowanie danych i rozwiązania chroniące prywatność użytkowników na każdym etapie korzystania z platformy. Dzięki temu gracze mogą skupić się na zabawie, mając pewność, że ich dane osobowe i finansowe są odpowiednio zabezpieczone. To jeden z ciekawszych wyborów dla osób zastanawiających się, gdzie grać online w bezpieczny i komfortowy sposób.

Reply

Leave a Comment