NewsPolitic

တရုတ်အပေါ်မှာ KIA  နိုင်ဖဲရှိ

အာရက္ခတိုင်းမ်စ် (၂၄ ဒီဇင်ဘာ ၂၀၂၄)

ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဟာ တရုတ်အရမ်းလိုအပ်တဲ့ မြေရှားသတ္တုတွေရှိတဲ့ ဒေသတွေကို သိမ်းပိုက်ထားနိုင်တာကြောင့် နိုင်ဖဲတွေရှိတယ်လို့ မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်စောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ကို တရုတ်ဘက်မှ တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုက်တွန်းပေမယ့် တိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး အသာစီးရလျက် ရှိနေပါတယ်။

 “KIA ရဲ့ တိုက်ပွဲက အများကြီး အသာစီးရသွားပြီ။ ဘာဖြစ်လို့ဆို မြေရှားသတ္တုတွေထုတ်တဲ့ ဒေသတွေ အကုန်ရလိုက်တာပါတယ်။ နောက်ဆုံး သိမ်းလိုက်တာတွေက တရုတ်ရဲ့ နယ်စပ်မျဉ်းပေါ်မှာဖြစ်တော့ စစ်တပ်ကလည်း လာပြီးတော့ ဗုံးကြဲလို့လည်း မရဘူးလေ။ တရုတ်ကလည်း သူ့အတွက် မြေရှားသတ္တုက တော်တော်ကို အသုံးကျတော့ ရဖို့အတွက် အရေးကြီးတော့ KIA က နိုင်ဖဲတွေ ရှိသွားတာပေါ့” လို့ ပြောပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) မှ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ဗဟိုအဖွဲ့ဝင် ဝူကန် ဦးဆောင်တဲ့အဖွဲ့တို့ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဒီဇင်ဘာ ၁၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

အဲဒီတွေ့ဆုံမှုမှာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့နဲ့ ကချင်မှာ အပစ်ရပ်ပြီး စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရုတ်ဘက်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးမှုအပြီးမှာတော့ ကချင်မှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးခဲ့ကြပါတယ်။

ဒါကြောင့် ကချင်ပြည်နဲ့ပတ်သက်ပြီး နိုင်ငံရေးအရ စကားပြောကြတဲ့အခါမှာ KIA ဟာ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

 “KIA ရဲ့ မဟာဗျူဟာက သူတို့ ကချင်ပြည်နယ်ကို KIA က ထိန်းသိမ်းချုပ်ကိုင်ရေး၊ ကချင်ပြည်နယ်ဟာ စစ်ကောင်စီကင်းစင်တဲ့ နယ်မြေဖြစ်ရေး အဲဒါက သူ့ရဲ့ အဓိကရည်မှန်းချက် ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ အထောက်အကူဖြစ်တဲ့ စစ်ကောင်စီစခန်းတွေ ကင်းစင်ရေးဟာလည်း တော်တော်လေး ထိရောက်လာပါပြီ။ အခုက ဗန်းမော်နဲ့ မြစ်ကြီးနားလောက်ပဲ ကျန်တာပါ။ ဗန်းမော်၊ မြစ်ကြီးနားရယ်၊ ဖားကန့်က ဗျူဟာစခန်းရယ် အဲဒီ ၃ နေရာလောက်ပဲ စစ်ကောင်စီ စိုးမိုးနိုင်တဲ့နေရာတွေ ရှိတော့တာလေ။ ဒါကြောင့် ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီး ပြောကြ ဆိုကြမယ်ဆိုရင် KIA ဟာ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းပါတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်က မြို့ ၁၃ မြို့နဲ့ တပ်စခန်း ကြီးငယ် ၃၀၀ နီးပါးကို KIA ဘက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့  သိရပါတယ်။

အဲဒီအထဲမှာ အမေရိကန် ဒေါ်လာဘီလီယံချီတန်တဲ့ မြေရှားသတ္တုထွက်ရှိရာ ချီဖွေမြို့ အပါအဝင် ကချင်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်အားလုံးပါဝင်ပါတယ်။

ဒါ့အပြင် ကျောက်စိမ်းတွေထွက်ရှိတဲ့ ဖားကန့်မြို့ရဲ့ နေရာအများစုလည်း ပါဝင်တယ်လို့ သိရပါတယ်။

Related posts

ဆားသုံးစွဲမှု ကျဆင်းနေလို့ မွန်ဆားဈေးနှုန်း တက်ရိပ်မမြင်

Rakhita Times

နီပါဗိုင်းရပ်စ် နဲ့ပတ်သက်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာန အသိပညာပေးများ လုပ်ဆောင်နေ

Rakhita Times

မြောက်ဦးတွင် ခိုးရာပါ ဆိုင်ကယ်များကို ပိုင်ရှင်ဆီပြန်အပ်

Rakhita Times

5 comments

Stevenden ဇူလိုင် 17, 2026 at 9:38 မနက်

Straight to the best here: sildenafil and tadalafil together

Reply
DamonEract ဇူလိုင် 18, 2026 at 1:08 မနက်

Если вам нужна автошкола категория в цена где сочетаются доступная стоимость, качественное обучение и внимательное отношение к каждому ученику, значит вы попали по адресу. В автошколе профессиональные преподаватели, комфортные автомобили и гибкое расписание. Теорию можно изучать очно или дистанционно, а практические занятия проходят в удобное для вас время. Лучшее предложение для тех, кто ценит качество, комфорт и честные условия.

Reply
Kennethtum ဇူလိုင် 18, 2026 at 9:02 မနက်

Главные новости: https://aromatniy-magazin.ru

Reply
TimothyKes ဇူလိုင် 18, 2026 at 5:32 ညနေ Reply
RobertHak ဇူလိုင် 28, 2026 at 3:27 ညနေ

Читать больше на сайте: https://perfumerio.ru/s/givenchy-xeryus-rouge/

Reply

Leave a Comment