NewsPolitic

မရာတပ်ကို ဆက်ကူညီမယ်လို့ AA ပြော

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၂၁ ဖေဖော်ဝါရီ ၂၀၂၅)

မရာနယ်မြေကာကွယ်ရေးတပ်ကို ဆက်လက်ပြီး ကူညီထောက်ပံ့ပေးသွားမယ်လို့ အာရက္ခတပ်တော်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့က မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာနယ်မြေကာကွယ်ရေးတပ် MTC/MDF ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ် မရာပြည်သူ့ ညီလာခံ အခမ်းအနားမှာ အာရက္ခတပ်တော် အမှတ် (၃) တပ်မဟာ၊ အမှတ် (၁) စစ်ဗျုဟာမှူး မုန်တိုင်းက အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

” MTC /MDF မရာအဖွဲ့အစည်းကို ကျွန်တော်တို့ ULA/AA အနေနဲ့ အိမ်နီးနားချင်း မိတ်ဆွေဆိုတဲ့အတိုင်း မိတ်ကောင်းဆွေကောင်း ပီသစွာ ရပ်တည်ကူညီ ပံ့ပိုးပေးသွားမယ်။ ကျွန်တော်တို့ ကူညီပံ့ပိုးမယ်ဆိုတာ လူပုဂ္ဂိုလ်ကို ကြည့်ပြီးတော့ ကူညီပံ့ပိုးတာ မဟုတ်ပါဘူး။ အဖွဲစည်းတစ်ခုကို ပံ့ပိုးတာပါ။ ဒီပြည်သူ့ညီလာခံက ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ ဘယ်ပုဂ္ဂိုလ် ဘယ်သူမဆို ပံ့ပိုးကူညီပေးသွားမယ်”လို့ အာရက္ခတပ်တော် စစ်ဗျူဟာမှူး မုန်တိုင်းက ဆိုပါတယ်။

မရာအဖွဲ့အစည်းတွေ နဲ့ အာရက္ခတပ်တော်ဟာ ၂၀၁၇ ခုနှစ်ကတည်းက နှစ်ဖက်ခေါင်းဆောင်တွေ ရင်းနှီးမှုတည်ဆောက်ပြီး တပ်တော်ကို တည်ထောင်ဖို့ လုပ်ဆောင်ပေမဲ့ ၂၀၁၉ ခုနှစ်မှာ တည်ထောင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

”အခက်အခဲတွေ အများကြီးထဲက မရာပြည်သူတွေအတွက် အင်မတန်မှ အရေးကြီးတဲ့ အင်မတန်မှ လိုအပ်တဲ့ စည်းကမ်းပြည့်ဝတဲ့ တပ်တစ်ခု ဖြစ်ဖို့အတွက် ဘယ်လောက် ကြိုးစားခဲ့ရတယ်။ ဘယ်လောက်ထိ ကျွန်တော်တို့ အခက်အခဲ စိန်ခေါ်မှုများကို ဘယ်လောက်ထိ ရင်ဆိုင်ခဲ့ရတယ် ဆိုတာကို ဒီက မရာခေါင်းဆောင်တွေ၊ ရဲဘော်တွေ အကုန်လုံး အသိပါပဲ။ အဲဒီချိန်က ယုံကြည်မှုရှိရှိ တစ်ယောက်ပေါ်တစ်ယောက် လေးစားမှုရှိရှိ စိတ်ရင်းစေတနာအမှန်နဲ့ လျောက်လှမ်းလာခဲ့တာ အခုဆိုရင် ခရီးတစ်ထောင့် မဟုတ်ရင်တောင်မှ တော်တော်များများ ခရီးရောက်ခဲ့ပြီ။” လို့ အာရက္ခတပ်တော် စစ်ဗျူဟာမှူး မုန်တိုင်းက ဆိုပါတယ်။

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာနယ်မြေကာကွယ်ရေးတပ် MTC/MDF ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ် မရာပြည်သူ့ ညီလာခံ အခမ်းအနားကို အာရက္ခတပ်တော်မှ တာဝန်ရှိသူ ၄ ဦး တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

KTV ဖွင့်ဖို့ ကြိုးပမ်းတဲ့ ဗကသ ဥက္ကဋ္ဌ ပြန်တောင်းပန်

Rakhita Times

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

Rakhita Times

ရန်ကုန်မှာ AA ရဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ စကမ ထပ်မံစွပ်စွဲ

Rakhita Times

1 comment

Leave a Comment