BusinessNewsPolitic

AA အုပ်ချုပ်ပြီးနောက် အမ်းမြို့တွင် ကုန်ဈေးနှုန်း ထက်ဝက် လျော့ကျ

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၂၅ ဖေဖော်ဝါရီ ၂၀၂၅)

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်မှာ ကုန်စည်တွေ ဈေးနှုန်း ထက်ဝက် လျော့ကျလာတယ်လို့ အမ်းမြို့ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေစပြီးတော့ ရက္ခိုင်ပြည်ကို ဝင်ရောက်တဲ့ ကုန်စည်တွေကို စစ်ကောင်စီက ဖြတ်တောက်ထားတာပဲ ဖြစ်ပါတယ်။

အဲဒီအချိန်ကနေစပြီးတော့ အမ်းမြို့အပါအဝင် ရက္ခိုင်ပြည်တခုလုံး ကုန်စည်ရှားပါးပြီး ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာခဲ့တာပါ။

လက်ရှိမှာတော့ အမ်းမြို့နယ်မှာ ကုန်ဈေးနှုန်းက ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားပြီလို့ အမ်းမြို့ဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ရက္ခိုင်ကို ဖြတ် ၄ ဖြတ်နဲ့ လုပ်တုန်းကထက်စာရင် ထက်ဝက်လောက် လျော့ကျသွားပြီပေါ့နော်။ အဲဒီတုန်းကဆိုရင် စစ်ကောင်စီက ဖြတ် ၄ ဖြတ်နဲ့ လုပ်တုန်းကဆိုတော့ ပစ္စည်းတစ်ခုကို နှစ်သောင်းလောက် ဝယ်ရတဲ့ ပစ္စည်းတစ်ခုကို အခု တစ်သောင်းလောက်ပဲ ရှိတော့တယ်။ ရာခိုင်နှုန်း ၅၀ လောက် ဈေးလျော့သွားတဲ့ အနေအထားမှာ တွေ့နေရတယ်ပေါ့နော်” လို့ ပြောပါတယ်။

အဓိကအားဖြင့် ပြည်မကနေလာတဲ့ ကုန်စည်အားလုံးနီးပါး ဈေးနှုန်းတွေ ကျလာတာဖြစ်ပြီး အိန္ဒိယကနေလည်း ကုန်စည်တွေ ဝင်ရောက်နေတယ်လို့ သိရပါတယ်။

အမ်းမြို့ကို အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပြည်မကနေ ကုန်စည်သယ်ဆောင်တာ၊

ကျောက်တော်မြို့နယ်ကနေတဆင့် အိန္ဒိယကုန်စည်တွေ ဝင်ရောက်လာဖို့အတွက် ဖော်ဆောင်ပေးတာတွေကြောင့်လည်း ကုန်ဈေးနှုန်းတွေက ကျဆင်းလာတာ ဖြစ်တယ်လို့ အမ်းဒေသခံတစ်ယောက်က ပြောပါတယ်။

“ အဓိကတော့ အမ်းမြို့နယ်မှာ ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) က အုပ်ချုပ်ရေးတွေ တောက်လျှောက် တည်ဆောက်လာတယ်ပေါ့။ နောက်ပြီးတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ကုန်ပစ္စည်းတွေလည်း ဈေးနည်းနည်း ကျလာတယ်ပေါ့။ ဈေးကြီးတာကနေပြီး ဈေးလျော့ကျလာတယ်ပေါ့။ လူတွေ ဝယ်နိုင်တဲ့ ဈေးအတိုင်းအတာတစ်ခုအထိ ရောက်လာတယ်ပေါ့။ အမ်းမြို့နယ်ကို အလုံးစုံ သိမ်းပိုက်ပြီးနောက်ပိုင်းမှာတော့ အမ်းမြို့ထဲမှာ ကုန်ပစ္စည်းတွေက ဈေးနှုန်း လျော့ကျလာတယ်ပေါ့။ လမ်းပန်းဆက်သွယ်ရေးဆိုလည်း ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) ထိန်းချုပ်တဲ့နေရာမှာတော့ လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အမ်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အာရက္ခတပ်တော်က လနဲ့ချီ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီး အာရက္ခတပ်တော်က အမ်းမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်သွားခဲ့တာပါ။

လက်ရှိမှာ အာရက္ခတပ်တော်က ရက္ခိုင်ပြည်က မြို့နယ် ၁၄ မြို့အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

အဲဒါအပြင် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကိုလည်း ထိုးစစ်ဆင်နေသလို ပဲခူး၊ ဧရာဝတီနဲ့ မကွေးတိုင်းဒေသဘက်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်ကို တ်ုက်ခိုက်လျက် ရှိနေပါတယ်။

Related posts

ကျိန္တလီကို စကမ ဗုံးကြဲ၊ ၃ ဦး ဒဏ်ရာရ (Breaking News)

Rakhita Times

သံတွဲကို စကမ ဗုံးလာကြဲ(Breaking News)

Rakhita Times

TNLA က သင်တန်းသား ၁၀၀၀ ကျော်ကို အထူးတိုက်ခိုက်ရေး စစ်သင်တန်းပေး

Rakhita Times

12 comments

Leave a Comment