NewsPolitic

TNLA က သင်တန်းသား ၁၀၀၀ ကျော်ကို အထူးတိုက်ခိုက်ရေး စစ်သင်တန်းပေး

အာရက္ခတိုင်းမ်စ် (၁၄ နိုဝင်ဘာ ၂၀၂၄)

တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) က သင်တန်းသား ၁၀၀၀ ကျော်ကို အထူးတိုက်ခိုက်ရေး စစ်သင်တန်းပေးအပ်ခဲ့တယ်လို့ မနေ့က နိုဝင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့က TNLA ထိန်းချုပ်နယ်မြေတစ်ခုမှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းမှ 1027 စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားတဲ့ မြို့နယ် ၁၂ မြို့ကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားဖို့ မိမိတို့ တစ်ဦးချင်းမှာ တာဝန်ရှိကြောင်း၊ မိမိလူမျိုး နဲ့ အနာဂတ်မျိုးဆက်သစ်အတွက် မျိုးချစ်စိတ်ဓာတ် ထားရှိဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ အထူးတိုက်ခိုက်ရေးသင်တန်းမှာ အမှတ်စဥ်(က) နဲ့ (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေး နဲ့ ရှေ့တန်းမှာ တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေဖို့ သင်ကြားပေးပြီး သင်တန်းကာလ (၃) လကျော်ကြာ သင်ကြားပေးခဲ့ကာ သင်တန်းသား စုစုပေါင်း ဦးရေ (၁၀၀၀)ကျော် တက်ရောက်ပြီးမြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီး စစ်သင်တန်းအပတ်စဥ် (၆၆) (ဂ) သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာ ၁၁ ရက်က TNLA ထိန်းချုပ်နယ်မြေမှာ သင်တန်းသူ ၂၀၀ ဦးရေဝန်းကျင်ကို သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးစစ်မေတွေကို TNLA ရဲ့ အုပ်ချုပ်ရေးဌာန၊ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ဗဟိုရုံးချုပ် နဲ့ စစ်ဦးစီးချုပ်ရုံးသို့ အသီးသီးတာဝန်ခွဲပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Related posts

စစ်တွေတိုက်ပွဲ နာရီကန်ရွာနားထိ ရောက်လာ

Rakhita Times

စပါးရိတ်စက်တွေကို စစ်ကောင်စီဂိတ်တွေက ပိုက်ဆံတောင်းနေ

Rakhita Times

နွမ်းပါးတဲ့ Grade 11 ကျောင်းသားများ အခမဲ့ပညာသင်ယူရန် ဝင်ခွင့်လျှောက်လွှာကို မေလ ၁၇ ရက်ထိ ထပ်မံတိုးမြှင့်‌

Rakhita Times

121 comments

Leave a Comment