NewsPolitic

AA ထိုးစစ်ကြောင့် ဗိုလ်မှူးသန့်ဇော်ဟိန်း သေဆုံး

အာရက္ခတိုင်းမ်စ် (၂ မတ် ၂၀၂၅)

အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေတဲ့ ပဲခူးတိုင်း ပဒါန်းမြို့နယ် ညောင်ကျိုးတိုက်ပွဲတွင် စစ်ကောင်စီရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဟိန်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ ကျမရဲ့ သားကြီးဟာ ပဲခူးတိုင်း ပဒေါင်းမြို့နယ် ညောင်ကျိုး ရှေ့တန်းစစ်မျက်နှာပြင်မှာ …ကျူးကျော် AA နဲ့ ရင်ဆိုင်တိုက်ပွဲမှာ တိုင်းပြည်အတွက် အသက်စွန့်သွားပါတယ်” လို့ ဗိုလ်မှူးသန့်ဇော်ဟိန်းရဲ့ မိခင် ဒေါ်ခင်ညိုညိုက သူမရဲ့ ​လူမှုကွန်ယက်စာမျက်နှာတွင် မတ်လ ၁ ရက်က ​ရေးသားခဲ့ပါတယ်။

စစ်တက္ကသိုလ်အပတ်စဥ် ၅၀ ကျောင်းဆင်းဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူးသန့်ဇော်ဟိန်းရဲ့ ရက်လည်ဆွမ်းသွပ်တရားနာကို မတ်လ ၁ ရက်က နေပြည်တော် ပျဥ်းမနားမြို့ရှိ အုန်း​တောပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

“ ကျမ သားကြီးကလည်း သူ့ယုံကြည်မှု ခံယူချက်အတိုင်း‌ လျှောက်လှမ်းရင်း… တိုင်းပြည်နဲ့ လူမျိုး ဘာသာ သာသနာ သူ့မိသားစုအတွက် နောက်ဆုံးထွက်သက်ထိ တာဝန်ကျေပွန်ခဲ့ပါတယ်… ငယ်စဉ်ဘဝကတည်း စိတ်ဓာတ်မြင့်မြတ်ပြီး နောက်ဆုံးအချိန်ထိ တန်ဘိုးရှိသော သားကောင်းရတနာဖြစ်ခဲ့လို့… ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် လက်တင်အလေးပြုပါတယ်” လို့လည်း ဒေါ်ခင်ညိုညိုက ထပ်မံ ​ရေးသားထားပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ရိုးမတစ်လျှောက်ရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်းများကို တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ရက္ခိုင်ရိုးမတွင် တိုက်ပွဲများ ​နေ့စဉ် ဖြစ်ပွားနေတယ်လို့ AA က ဇန်နဝါရီလ ၂၇ ရက် တွင်ထုတ်ပြန်ခဲ့ပါတယ်။

Related posts

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ နိုင်ငံတကာစံနှုန်း နဲ့ လူထုသဘောထား မပါ

Rakhita Times

သာပေါင်းတိုက်ပွဲကြောင့် ဒေသခံတွေ လုပ်ငန်းထိခိုက်လာ

Rakhita Times

ပဲခူးတိုင်း၊ ပန်းတောင်းမြို့က ပွိုင့် (၆၆၆) စခန်းတစ်ခုလုံး AA သိမ်းပိုက်

Rakhita Times

9 comments

Leave a Comment