BusinessNewsPolitic

သာပေါင်းတိုက်ပွဲကြောင့် ဒေသခံတွေ လုပ်ငန်းထိခိုက်လာ

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၉ မတ် ၂၀၂၅)

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ ရက္ခိုင်အဆက် ဧရာဝတီတိုင်းက သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လုပ်ငန်းထိခိုက်လာကြတယ်လို့ ဒေသခံတွေ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သာပေါင်းမြို့ပေါ်မှာ တိုက်ပွဲမဖြစ်ပေမယ့်လည်း လုံခြုံရေး တင်းကျပ်ထားတာကြောင့် လုပ်ငန်းတွေ ထိခိုက်ကြရတာပါ။

လက်ရှိမှာတော့ တိုက်ပွဲပြင်းထန်နေတဲ့ ရက္ခိုင်ပြည်အဆက်က မကျီးစင်နဲ့ ဘောမိဘက်က ဒေသခံတွေ ပြောင်းရွှေ့တာတွေ လုပ်နေပြီး သာပေါင်းမြို့ပေါ်မှာတော့ ပုံမှန်အတိုင်းပါပဲလို့ သာပေါင်းဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ မကျီးစင်တို့၊ ဘောမိတို့ တိုက်ပွဲဖြစ်တဲ့နားက သာပေါင်းမြို့နယ်နဲ့ ရက္ခိုင်နဲ့က ဆက်နေတာကိုး၊ ဆက်နေတော့ အဲဒီအဆက်နားက အဲဒီအနားဝန်းကျင်က လူတွေကတော့ တိုက်ပွဲဖြစ်တဲ့နားက လူတွေကတော့ ပြောင်းတာ ရွှေ့တာ ရှိမယ်။ သာပေါင်းမြို့ပေါ်တို့ ဒီဘက်နားက လူတွေကတော့ ပြောင်းတာ ရွှေ့တာ မရှိပါဘူးလို့။ ဒါပေမယ့် တိုက်ပွဲမဖြစ်တဲ့ ဒီဘက် အတွင်းပိုင်းက လူတွေကတော့ ဗိုလ်နေမြဲ ကျားနေမြဲ ပါပဲ။ ဒါပေမယ့်လည်း တစ်ခုတည်း ရှိတာပေါ့။ ဒီမှ ာတိုက်ပွဲဖြစ်တဲ့အခါကျတော့ လုံခြုံရေး တင်းကျပ်တာပေါ့။ လုံခြုံရေး တင်းကျပ်တော့ သွားရေး လာရေး မလွယ်ကူတော့ သူတို့ လုပ်ငန်း ထိခိုက်တာပေါ့” လို့ ပြောပါတယ်။

သာပေါင်းဒေသခံတွေက ငဝန်မြစ်ကို အမှီပြုပြီးတော့ တောင်ယာလုပ်ငန်းတွေ၊ ရိုးမအနီးတွင် သီဟိုစိုက်ပျိုးတာနဲ့ ထင်းခုတ်တာတွေကို အဓိက လုပ်ကိုင်ကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ရိုးမဘက်နဲ့ ငဝန်မြစ်တစ်ဖက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေက အလုပ် လုပ်လို့ မရတော့တာပါ။

သာပေါင်းက ငဝန်မြစ်ရဲ့ ဟိုဘက်ပေါ့။ ငဝန်မြစ်ရဲ့ အနောက်ဘက်ခြမ်းလို့ ပြောမလား အဲဒီ ငဝန်မြစ်ရဲ့ အနောက်ဘက်ခြမ်းက ရိုးမတောင်နဲ့က နီးတာကိုး။ နီးတော့ အဲဒီနားက လူတွေက ယာလုပ်တာလည်း ရှိတယ်။ နောက်တော့ သီဟိုလေး ဘာလေး စိုက်တဲ့သူက စိုက်တယ်။ ထင်းခုတ်တဲ့သူက ခုတ်တယ်” လို့ သာပေါင်းဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ သာပေါင်းမြို့နယ် အခြေစိုက် ခမရ ၃၀၈ တပ်ရင်းနားမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ပြီးတော့ သာပေါင်းအပြင် ရက္ခိုင်ပြည်၊ ဂွမြို့နယ်အဆက် ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Related posts

Breaking News

Rakhita Times

ANP ပါတီက ဦးသာထွန်းလှ ပါဝင်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်း

Rakhita Times

လေးတောင်မြို့နဲ့ အနီးဝန်းကျင်ကို စကမ ဗုံးကြဲ နှစ်ယောက်သေ၊ နှစ်ယောက်ဒဏ်ရာရ 

Rakhita Times

2 comments

Rivalo ဧပြီ 6, 2026 at 4:02 ညနေ

https://rivalo.cat/
A casa Rivalo esta entre as casas de apostas esportivas e casino online mais consolidadas no mercado brasileiro , atuando no Brasil ha mais de 10 anos mantendo uma trajetoria solida e integra .

Reply
Luckia ဧပြီ 6, 2026 at 6:03 ညနေ

https://luckia.net.co/
Luckia Casino, con mas de veinte anos de trayectoria desde que se fundara en 2002, se ha posicionado como una plataforma de juego online y apuestas deportivas de confianza para la comunidad de habla hispana, entre ellos Colombia a partir de 2026.

Reply

Leave a Comment