NewsPolitic

၂၀၂၅ က ရက္ခိုင်မှာ စစ်ကောင်စီ အလုံးစုံ ကင်းစင်နယ်မြေ ဖြစ်မယ်

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၂ မတ် ၂၀၂၅)

လက်ရှိ ၂၀၂၅ ခုနှစ်အတွင်း ရက္ခိုင်တပြည်လုံးမှာ စစ်ကောင်စီတပ် အလုံးစုံ ကင်းစင်သွားမယ့်နှစ်အဖြစ် မြင်ရလိမ့်မယ်လို့ နိုင်ငံရေးနဲ့ စစ်ရေး ကျွမ်းကျင်တဲ့သူတွေက သုံးသပ်နေကြပါတယ်။

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေစပြီး ဒီကနေ့အချိန်ထိ အာရက္ခတပ်တော်က ရက္ခိုင်ပြည်ရဲ့ မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း အာရက္ခတပ်တော်က ရက္ခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့နဲ့ စစ်ကောင်စီရဲ့ ရေတပ်ဌာနချုပ်ရှိတဲ့ ကျောက်ဖြူမြို့နယ်ကို ထိုးစစ်ဆင်နေပြီလည်း ဖြစ်ပါတယ်။

ပြီးတော့ အာရက္ခတပ်တော်ကို ရက္ခိုင်ပြည်ရဲ့ နယ်စပ်တွေမှာ ရှိနေတဲ့ တော်လှန်ရေးတပ်တွေကလည်း ပူးပေါင်းဆောင်ရွက်ပေးနေသလို ရက္ခိုင်ပြည်သူတွေရဲ့ အားပေးထောက်ခံမှုတွေကြောင့် အာရက္ခတပ်တော်က အောင်မြင်မှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျနော့်အထင် ဒီ ၂၀၂၅ မှာပဲ အလုံးစုံ စစ်အာဏာရှင် အောက်ကနေပြီးတော့ စစ်အာဏာရှင် ကင်းစင်တဲ့ နယ်မြေအဖြစ် ဒီ ၂၀၂၅ ထဲမှာ မြင်ရလိမ့်မယ်လို့ ကျနော်ကတော့ အဲဒီလို ခန့်မှန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လည်း တနိုင်ငံလုံးမှာ ဝိုင်းပြီးတော့ အကုန်လုံးကလည်း တိုက်နေကြတာပဲ။ ဒါပေမယ့် အလားအလာ အကောင်းဆုံးနဲ့ လူတွေကနေပြီးတော့ အာရုံစူးစိုက်မှုနဲ့ အားရတာက ကျနော်တို့ ရက္ခိုင် ဖြစ်နေတယ်လေ။ နောက်ပြီးတော့ ရက္ခိုင်ပြည်သားတရပ်လုံးကလည်း လုံးဝ အကြွင်းမဲ့ ဒီကိစ္စကို လိုလားတယ်။ ထောက်ခံတယ်၊ ပူးပေါင်းဆောင်ရွက်မှုလည်း အားကောင်းတာ ဖြစ်တဲ့အတွက် နောက်တခါ ကျနော်တို့နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ တိုင်းတွေပေါ့၊ ပြည်နယ်တွေရော သူတို့တွေလည်း ကျနော်တို့ ရက္ခိုင်ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်မှု ရှိတဲ့အတွက် ဒီဟာကတော့ ကျနော်တို့ ရက္ခိုင်ပြည်သူ တရပ်တင်မကဘူး မြန်မာနိုင်ငံမှာရှိတဲ့ စစ်အာဏာရှင် မလိုလားတဲ့သူတွေ အကုန်လုံးကလည်း အားပေးနေတာ ဖြစ်တဲ့အတွက် ကျနော်တို့ကတော့ အောင်မြင်လိမ့်မယ်လို့ ခန့်မှန်းတယ်” လို့ ပြောပါတယ်။

အိန္ဒိယရဲ့ ဆိပ်ကမ်းတွေ၊ စီမံကိန်းတွေရှိတဲ့ စစ်တွေ၊ တရုတ်ရဲ့ ရေနံပိုက်လိုင်းတွေ၊ ရထားလမ်းတွေ၊ ရေနံဆိပ်ကမ်းတွေရှိတဲ့ ကျောက်ဖြူမြို့ကို ထိုးစင်မှာမဟုတ်ဘူးလို့ အရင်က နိုင်ငံရေးလေ့လာတဲ့သူတွေက သုံးသပ်ခဲ့ကြပေမယ့်လည်း လက်ရှိမှာတော့ အာရက္ခတပ်တော်က အဲဒီမြို့တွေကို ထိုးစစ်ဆင်နေပြီလည်း ဖြစ်ပါတယ်။

ရက္ခိုင်တပြည်လုံးကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ဖို့ဆိုရင် ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင် အဲဒီ ၃ မြို့ကို ထိုးစစ်ဆင်ဖို့ပဲ ကျန်တော့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရေပတ်လည် ဝိုင်းရံထားတဲ့ မာန်အောင်မြို့တမြို့ကိုပဲ နယ်မြေတည်ဆောက်မှုအရ ချန်ထားနိုင်ပြီး ရက္ခိုင်မှာ အာရက္ခတပ်တော်က ရက္ခိဏလမ်းစဉ်ကို အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဖြစ်နိုင်တယ်လို့ ထင်ပါတယ်၊ ယုံကြည်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့ဗျာ မာန်အောင်ကျွန်းလို နေရာမျိုးကိုတော့ ချက်ချင်း သိမ်းချင်မှ သိမ်းမှာပေါ့ဗျာ။ အဲဒါကတော့ တပြည်လုံး အခြေအနေနဲ့လည်း ဆိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရေပတ်လည် ဝိုင်းနေတဲ့ကျွန်း ဖြစ်နေတာကိုး။ ဒါပေမယ် ရက္ခိုင်ပြည်ရဲ့ ကုန်းမြေပြင်အားလုံးကတော့ AA ရဲ့ သိမ်းပိုက်အုပ်ချုပ်မှုအောက် ရောက်လိမ့်မယ်။ ရက္ခိုင်ပြည်မှာ ရက္ခိဏလမ်းစဉ်ကို AA က အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ကျနော်ကတော့ ယုံကြည်တယ်” လို့ ပြောပါတယ်။

အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်က မြို့နယ် ၁၄ မြို့နယ်၊ ချင်းပြည်နယ်က ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားသလို လက်ရှိမှာ စစ်တွေ နဲ့ ကျောက်ဖြူမြို့နယ်ကို သိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်ဆင်နေပြီလည်း ဖြစ်ပါတယ်။

ပြီးတော့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ ရက္ခိုင်ပြည် နဲ့ ထိစပ်နေတဲ့ ဧရာဝတီ၊ မကွေးနဲ့ ပဲခူးတို့ကို ထိုးစစ်ဆင်လျက် ရှိနေပါတယ်။

Related posts

ကျောက်ထုအမြောက်တပ်ကို လက်နက်ခဲယမ်းတွေ အဆမတန်ပို့ဆောင်ပြီး ကံကြီးတွင် အထိုင်ချရန် လုပ်ဆောင်နေ

Rakhita Times

စစ်ကောင်စီရဲ့ မိုင်းကြောင့် ထိခိုက်သူ နေ့စဉ်ရှိနေ

Rakhita Times

ကျောက်ဖြူ ပြိုင်စေ့ကေစခန်း မကျစေရေး စစ်ကောင်စီနည်းပေါင်းစုံနဲ့ ခုခံနေ

Rakhita Times

4 comments

TylerRUg စက်တင်ဘာ 3, 2026 at 4:58 မနက်

Группа препаратов
Получить больше информации – [url=https://kapelnica-ot-zapoya-novosibirsk8.ru/]сколько стоит капельница от запоя в новосибирске[/url]

Reply
Davidsib စက်တင်ဘာ 4, 2026 at 4:41 မနက်

Главный принцип работы — медицинская обоснованность процедур. Капельница помогает облегчить проявления похмельного и абстинентного синдрома, но сама по себе не устраняет причины алкогольной зависимости. После стабилизации врач может предложить дальнейшее лечение, психотерапию, кодирование, реабилитацию и поддержку родственников. Если вы хотите получить подробную информацию о том, сколько стоит вывод из запоя, какие процедуры проводятся на дому и в клинике, можно позвонить в центр и задать вопросы консультанту. Первичная консультация по организационным вопросам может предоставляться бесплатно.
Получить больше информации – [url=https://vyvod-iz-zapoya-ehlektrostal3.ru/]vyvod-iz-zapoya-klinika[/url]

Reply
JacobIromi စက်တင်ဘာ 5, 2026 at 2:28 ညနေ

Схема помощи зависит от состояния, стажа употребления, противопоказаний и дальнейших целей лечения.
Узнать больше – https://1.narkologicheskaya-klinika-v-krasnoyarske17.ru/

Reply
JosephDycle စက်တင်ဘာ 11, 2026 at 12:06 မနက်

Помощь оказывают врачи с практикой в наркологии, психиатрии и восстановительной терапии.
Подробнее – [url=https://7.vyvod-iz-zapoya-krasnoyarsk55.ru/]наркология вывод из запоя[/url]

Reply

Leave a Comment